အပိုင်း 5

429 49 48
                                    

ပန်းထိမ်ကို ရောက်ခါနီးလေပြီ။
ကျော်ကြီးရင်ထဲ ပုံမှန်ထက်ကို ပိုမိုမြန်ဆန်လာတဲ့ ရင်ခုန်သံစည်းချက်တွေ။
ကျော်ကြီး ဆရာ့ကိုကြောက်သည်။
လုပ်ချင်ရာလုပ်ပြီးမှ ကြောက်ပြတတ်တဲ့ပုံစံကို ဆရာကမုန်းသည်။
ပြီးတော့ ကိုကိုကရော မုန်းသည်။

လက်သီးလေးကို ကျစ်နေအောင် ဆုပ်ထားပြီး ပေါင်နှစ်ဖက်ပေါ်မှာ တင်ရင်း သက်ပြင်းတွေကိုချနေမိသည်။
အသက်ကို ပုံမှန်လိုမရှုဘဲ ပြင်းပြင်းရှူနေမိ၏။
အသက်ရှူ မဝတာလိုလို၊ ရင်မှာ ပြည့်နေသလို ခံစားချက်တွေဟာ ဖြစ်ပေါ်လို့လာသည်။

ဘေးက အကိုသူရအောင်ကို ကြည့်လိုက်တော့ ပုံမှန်ပင်။
ကားမှန်ကနေတစ်ဆင့် အပြင်ကို ငေးကာကြည့်နေသည်။

ရုတ်တရက် အကိုသူရအောင်ဆီမှ ‌ထွက်ပေါ်လာသောအသံလေး။

"ဟာ! ဂျုံကြော်တွေ...ဆရာ...ကားလေးခဏရပ်ပေးပါ့လား"

ဒွေးသစ္စာ ကားကို ရပ်ပေးလိုက်သည်။

"ကျနော် ဟိုက ဂျုံကြော်တွေ စားချင်လို့...အဲ့တာဆင်းဝယ်ချင်တယ် ဆရာ"

ကျော်ကြီး ဆရာနဲ့ အကိုသူရအောင်ကို တစ်လှည့်စီကြည့်နေမိသည်။
ဆရာက မျက်နှာထား ခပ်တည်တည်နဲ့ပဲ သူဝယ်ပေးမယ်လို့ပြောကာ အောက်ကိုဆင်းသွားလိုက်သည်။

"အကိုသူရအောင်...ဆရာ စိတ်တိုနေတာတောင် အကိုက မုန့်စားချင်တာကို ပြောရဲတယ်နော်...အကိုက တကယ့်သတ္တိခဲ"

"ဗိုက်က စားချင်နေတာကိုး...အကိုက ဂျုံကြော်ဆို တအားကြိုက်တာ...အိမ်မှာဆို မေမေက အမြဲလုပ်ကျွေးနေကျလေ"

ဆရာက အထုတ်ကြီးနှစ်ထုတ်ကို လက်မှာဆွဲကာ ကားပေါ်သို့တက်လာသည်။

"ဆရာ...အများကြီးပဲ"

"အင်း...ကျန်တဲ့ကလေးတွေရော အကုန်စားလို့ရအောင် ဝယ်လာတာ"

"ဆရာက သဘောကောင်းလိုက်တာ...အဲ့တာကြောင့် ရုပ်ချောနေတာထင်တယ်...ဟီး ဟီး...ရုပ်ချောသလို စိတ်ထားလေးကလည်း သဘောထားကြီးလောက်မာနော်...ဟီး"

ကျော်ကြီး  အကိုသူရအောင်ရဲ့ ပေါင်ကို ဆွဲကာ ဆိတ်လိုက်သည်။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu