အပိုင်း 14

282 35 18
                                    

"ဟား...ခစ် ခစ်"

သူရအောင်တစ်ယောက် ပန်းထိမ်နားရှိ အိမ်တစ်အိမ်က ကလေးတွေဆော့နေတာကြည့်ပြီး ရယ်နေမိသည်။
ကလေးတွေထဲက အငယ်ဆုံးလေးက သူပဲခဏခဏ နှုတ်ခမ်းနီတွေ အတို့ခံနေရသည်။
မျက်နှာတစ်ပြင်လုံးမှာလည်း နီကာရဲနေသည်။

"အကိုသူရ"

"အာကျော်ကြီး"

"အကိုထွက်သွားတာကြာလို့ ကျနော်လိုက်လာတာ...လာလေ အလုပ်သွားလုပ်ကြမယ်"

ကျော်ကြီးဟာ အလုပ်ကို အရင်ကထက် ပိုပြီးအာရုံစိုက်ပြီးလုပ်နေတာဖြစ်သည်။
နေမျိုးအောင်ရဲ့ ဆုံးမစကားတွေကြောင့်ဆိုလည်းမမှား။

သူရအောင်ကတော့ အလုပ်မှာအာရုံမရှိပေ။
ဒွေးသစ္စာ အပြင်သွားရင် သူလည်း လုပ်ချင်ရာလုပ်သည်။
ဒွေးသစ္စာ အပြင်မသွားဘဲ ပန်းထိမ်မှာ ရှိတဲ့နေ့တွေဆိုရင်တော့ စိတ်ဝင်စားဟန် ဟန်ဆောင်တတ်သည်။

"အကို...အထဲသွားမယ်လေ လာ"

"ကျော်ကြီး..အကို အလုပ်ကို စိတ်မဝင်စားဘူးကျော်ကြီးရာ...အကို အစက ပန်းထိမ်ရောက်ပြီး တစ်ရက်နှစ်ရက်နေရင် ရန်ကုန်က အဖိုးဆီကို ပြေးဖို့ကြံရွယ်ထားတာ...ကိုကြီးကို မြင်တော့ အကို့စိတ်တွေက ပြောင်းလဲသွားတာ..
အကိုက ကိုကြီးအနားမှာပဲနေချင်တာ..
ဒီအလုပ်ကို စိတ်မဝင်စားဘူးရယ်"

ကိုသူရရဲ့ စကားအဆုံး ကျော်ကြီးလေး သက်ပြင်းချလိုက်သည်။
စိတ်မဝင်စားရင် မသင်တာအကောင်းဆုံးပဲမလား။
ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေ ကုန်သည်မလား။
အချိန်က သိပ်တန်ဖိုးရှိသည်။
အချိန်ရဲ့တန်ဖိုးကိုလည်း ကိုကိုပြောပြလို့ ကျော်ကြီးသိသင့်သလောက်သိနေလေပြီ။
ကိုသူရအတွက်တော့ အချိန်ဟာ ဘာမှမဟုတ်သလိုပင်။

ကျော်ကြီး ကိုသူရ‌ကို ကောင်းစေချင်သည့်စိတ်နဲ့အတူ...

"အကို...အကို ဒီအလုပ်ကို စိတ်မဝင်စားရင် အကိုစိတ်ဝင်စားတာဘာရှိလဲ"

"အကိုလား...အကို ကိုကြီးကိုပဲ စိတ်ဝင်စားတယ်ကျော်ကြီး...
ဟိုတစ်နေ့က ကိုကြီးပညာဒါနသင်ပေးတဲ့ကျောင်းမှာလေ ကိုကြီးက 'What do you want to be?"
မင်းဘာဖြစ်ချင်တာလဲဆိုပြီး အကို့ကိုမေးတယ်သိလား"

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu