အပိုင်း 16

304 34 17
                                    

တနင်္ဂနွေနေ့ နံနက်ခင်းတစ်ခု။
ကောင်းကင်ပြင်ဟာ ကြည်လင်လို့နေသည်။
ဒွေးသစ္စာတစ်ယောက် ကော်ဖီသောက်နေရင်း ကောင်လေးဆီကို အတွေးတွေရောက်နေမိသည်။

မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းတက်‌နေတဲ့ ကလေးရဲ့ သူငယ်ချင်းဖြစ်သူ ချစ်ထွေးက မနေ့ညက ပန်းထိမ်ထိ လာခေါ်တာမို့ သူထည့်လိုက်ရပေမယ့် စိတ်ကမချ။
ချစ်ထွေးနဲ့ သူရအောင်နဲ့ ထိုသူငယ်ချင်းနှစ်ယောက် ဆုံရင် သိတဲ့အတိုင်းပင်။

ဒီအချိန်ဆို ကောင်လေးတို့ သူငယ်ချင်းနှစ်ယောက် အိမ်ပြန်နေကြလောက်မှာပါလို့ ကိုယ့်စိတ်ကို ကျေနပ်စေမယ့်အဖြေမျိုးတွေးပြီး နှစ်သိမ့်လိုက်သည်။
ဖြေသိမ့်လိုက်သည်။

တစ်ဖက်တွင်မူ...

"ချစ်ထွေး...မနက်ဖြန်ကျ ပန်းထိမ်ကို အစောလေးမင်းလိုက်ပို့နော်"

"အေးပါ သူရရာ..အခုတော့ မင်း ငါ့အဆောင်မှာအေးဆေးနေ...ညကြရင် ကလပ်ကို ဒိုးမယ် ငါတို့"

"အိုခေး ဘေးဘေ"

ဒွေးသစ္စာ စိတ်ပူနေမလားဆိုတာ သူရအောင်မတွေးပေ။
အိမ်ကို ပြန်မယ်ဆိုပြီး လိမ်ညာလိုက်တာ အမှန်တကယ်မှာတော့ အိမ်မပြန်ဖြစ်ပါ။
ကိုကြီးက သူ့ကို ယုံကြည်လောက်မယ်ထင်တာမို့ အိမ်က မေမေတို့ဖေဖေတို့ဆီလည်း ဖုန်းမဆက်လောက်ပေ။

ဘာလိုလိုနဲ့ အချိန်ဟာ ညနေခင်းတောင်ရောက်လို့လာလေပြီ။

Ring...Ring...

"Hello"

"အကိုသူရလား...ကျနော် ကျော်ကြီးပါ"

"အေးကျော်ကြီး ပြောလေ"

"....."

"ဘာ! အကိုချက်ချင်းလာမယ်ကျော်ကြီး"

ကျော်ကြီးဟာ ကော်ဖီဆိုင်တစ်ဆိုင်မှာ ထိုင်ပြီးငိုနေသည်တဲ့။
ကိုနေမျိုးနဲ့ရန်ဖြစ်ထားသည်တဲ့။
မသိမ့်စန္ဒီက ကိုနေမျိုးကို ဖုန်းဆက်လို့ဆိုပဲ။

ကျော်ကြီးလေး ဝမ်းနည်းနေမှာကို သူရအောင် မမြင်ချင်။
စိတ်ထဲကနေ ဟိုဘွားတော်ကို မေတ္တာပို့လိုက်သည်။
ကိုနေမျိုးကို ဘာအကြောင်းကြောင့် ဖုန်းဆက်ရတာလဲ။

What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu