အပိုင်း 24

205 27 9
                                    


"အကိုသူရ...ကျ‌နော် သင်္ဘောသီးထောင်းစားချင်တယ်"

"ဖြစ်စေရမယ်ကျော်ကြီးလေး"

ကျော်ကြီးနဲ့သူရအောင် လျှောက်သွားလျှောက်စားနေတာ ပျော်ဖို့ကောင်းလှသည်။
အချိန်ကိုကြည့်လိုက်တော့ မနက်၁၀နာရီသာရှိသေးသည်။

"ကျော်ကြီး...ဘယ်သွားချင်သေးလဲ"


သူမေးတာကို ကျော်ကြီးဟာ မဖြေဘဲ တစ်စုံတစ်ရာကို ငေးလို့နေလေသည်။
သူ့အပြောကို ကျော်ကြီးလေးက ကြားပုံမပေါ်။
ကျော်ကြီးစိတ်အစုံက သူငေးနေတဲ့နေရာမှလွဲပြီး တခြားမှာရှိမနေပေ။

"ကျော်ကြီး..."

"ကျော်ကြီး"

"အာ..ဗျာ"

"ကစားချင်လို့လား အဲ့ဟာကို"

သူမေးလေတော့ သွားလေးတွေဖြီးကာ ရယ်ပြပြီး ခေါင်းငြိမ့်ပြတဲ့ကျော်ကြီး။


သူရအောင် ကျော်ကြီးရဲ့ခေါင်းလေးကို ညှင်သာစွာ ကိုင်ရင်း..

"လာ...သွားမယ်"

ကျော်ကြီးလက်ကို ဆွဲခေါ်ကာ သူရအောင် တစ်ယောက် လေဖော့နန်းတော်ဆိုသည့် နေရာကို သွားလိုက်တော့သည်။

"ဦးလေး...ကျနော်တို့နှစ်ယောက် ဝင်ကစားချင်လို့...ဘယ်လောက်လဲဗျ"



"အာ...ငါ့တူတို့ဝင်လို့မရဘူးလေ...ဒါက ကလေးတွေပဲကစားလို့ရတဲ့နေရာ"




ဦးလေးကြီးစကားကြောင့် ကျော်ကြီးမျက်နှာကလေးဟာ မဲ့ရှုံ့လို့သွားသည်။
သူရအောင်လည်း ကျော်ကြီးလေးကစားချင်တယ်ဆိုတာကို သိတာမို့ ဦးလေးကြီးကို နောက်တစ်ကြိမ်ပြန်ပြောလေတော့ ဦးလေးကြီးက ထပ်ပြီးငြင်းပြန်သည်။

သူရအောင်လည်း ဇွဲမလျော့ဘဲ နောက်ထပ်တစ်ကြိမ်ပြန်ပြောလိုက်လေသည်။
ဦးလေးကြီးက ထပ်ပြီးငြင်းဆဲ။



"ဦးလေးကြီး...ကျ‌နော်တို့ နှစ်ယောက်က ကလေးလေးတွေပါ...
ကျ‌နော်က ကိုကြီးရဲ့ကလေးလေး..
ဟော..ဒီက ကျ‌နော့်ညီကလည်း ကိုကို့ကလေးလေး"


What do you want to be?(Completed)Waar verhalen tot leven komen. Ontdek het nu