( ပုံက မမ ဂါအူးလ်နဲ့ လီဆိုးပါနော် )
တွေ့ဆုံခြင်းတွေကိုတောင့်တရင်
ခွဲခွာခြင်းတွေမှာလည်း
ခံနိုင်ရည်ရှိပါစေတဲ့...
Leeseo ဒီနေ့လည်း အိပ်ရာထဲကနေ ကုန်းရုန်းထလာရသည် ။ ကျောင်းနောက်ကျမှာ စိုးလို့ အပြေးအလွှား ပြင်ရင်းဆင်ရင်း ခြေသန်းနဲ့ ခုံစောင်းမိတ်ဆက်မိလို့ မျက်စိစုံမှိတ်ကာ အသံတိတ်နာကျင်တာကိုဖော်ပြရသည် ။ အကြာကြီးလည်း မခံစားရဲပါ အရင်တခါကလို ကျောင်းနောက်ကျလို့ နေပူထဲမှာ အကင်မခံနိုင်ပါ ။ ရေချိုးအ၀တ်စားလဲကာ ခြံထဲကစက်ဘီးကို အမြန်ထုတ်ပြီး အမေ့စီကို တချက်အကြည့်ပို့မိတော့ အ၀တ်လှန်း နေတာကြောင့် လီဆိုးလည်း စက်ဘီးကို သုတ်ခြေတင်ကာ နင်းရတော့သည်။
ကျောင်းနောက်ကျနေပါတယ်ဆို မျက်စိပဲ မမြင်သလား နားပဲမကြားသလား မသိတဲ့ကောင်မလေးက ဒီလောက်bell တီးနေတဲ့ကြားက လမ်းဖြတ်ကူးလေသည်။ Leeseo မာ သူ့ကိုရှောင် လိုက်တာ အရှောင်တော် ပြီး ဓာတ်တိုင်ကို ၀ငျတိုကျမိလသေညျ။ လူကတော့ ချုံပေါ်ကျလို့ ခေါင်းပဲမူးသွားသည်။အဆင်ပြေရဲ့လား ဆိုပြီး လက်မောင်းကိုလာကိုင်တော့ မော့ကြည့်လိုက်မိတော့ နားမကြားတဲ့ကောင်မလေး...ကျမလည်းခေါင်းငြိမ့်ပြကာ ထလိုက်ပြီးပေနေတဲ့ ကျောင်းစကတ်ကဖုန်တွေ ခါလိုက်ရတယ်။ ဒေါသ တော့ထွက်မိပေမယ့် ဆုံးမရအုံးမည်။ ဘယ်လိုမိဘတွေက နားမကြားတဲ့ ကိုယ့်သမီးကို လွှတ်ထားတာလဲ။ နောက်တခါ လမ်းကူးရင် ဘယ်ညာကြည့်ပီးကူးဆိုတာကို လက်ဟန်၊ခြေဟန်၊ကိုယ် ဟန်နဲ့ ပြောပြတော့ အဲ့ကောင်မလေးက " ညီမလေးက စကားမပြောတတ်ဘူးနဲ့တူတယ်....အမပြောတာကိုတော့ ကြားရတယ်မလား.... အမ မင်းကို ကျောင်းလိုက်ပို့ ပေးမယ်....အမရဲ့ကားက ဟိုရှေ့နားမှာ ရပ်ထားတယ်" လီဆိုးလဲ သူလက်ညိုးညွန်ရာ လိုက်ကြည့်ကာ ယောင်အမ်းအမ်း ခေါင်းငြိမ့်ပြီးမှLeeseo- " နေပါအုံး.... ငါစကားတတ်ပါတယ်....နင်ကမှ နားမကြားတာ.. ဒီလောက် bell တီးနေတာကို ဖြတ်ကူးတယ်လေ.... ပြီးတော့ ညီမလေးဟုတ်လား.....ပုံစံကြည့်ရတာ... အလယ်တန်း ကျောင်းသူလောက်ပါပဲ ...နောက်ပြီး နင့်ကြောင့်ဖြစ်တဲ့ ဒီကိစ္စကို... ရှောင်ထွက်ချင်လို့.. ကားရပ်ထားတယ် ဘာညာ ....လျှောက်ပြောလို့တော့ မရဘူးနော်... အစကတော့ နားမကြားတဲ့သူမှတ်လို့...ခွင့်လွှတ်ပေမဲ့... ခုတော့ Leeseo ဆိုတဲ့မမအကြောင်း... ကောင်းကောင်း သိသွားမယ်"
ဒီကောင်မလေး အတော် စွာသော ရုပ်လေးနဲ့မှ မလိုက် သူကချည်းဇွတ်ပြောနေတာ company အစညျး၀ေးရှိလျို့ ခေါင်းစားနေရတဲ့အထဲ ဒီချာတိတ်ကတမျိုး အင်းပေါ့လေ ခုတော့ ကိုယ်ကမှားလို့ သူပြောတာ ခံရအုံးမည်။ စိတ်လျှော့ Gaeul စိတ်လျှော့
Gaeul- " ဒီမှာ ညီမ... အမနားကြားရပါတယ်...စောနက အမရဲ့ လက်ထောက်နဲ့ဖုန်းပြောနေတာ ...Bluetooth နားကြပ်နဲ့လေ" လို့ ပြောပြီး လက်ထဲကနားကြပ်ကို ပြလိုက်ရတယ်
Gaeul- " ပြီးတော့... ညီမလေးလို့ ခေါ်ရတာက... ညီမက ကျောင်း၀တ်စုံ ၀တျထားတယျ... အမက ဘွဲ့ရပြီးသား... ဆိုတော့ကာ အမထက် ကျိန်းသေပေါက် ငယ်တယ်.... နောက်ပြီး... အမ ကားရှိတာ မယုံရင်နောက်က လိုက်ခဲ့ပါ... ပြီးတော့ ဒီမှာ... ပိုက်ဆံ စကားအမ မပြောဘူး....ဒါမဲ့ ညီမ အကူညီလိုရင် ဆက်သွယ်ဖို့... အမရဲ့ Business ကဒ်"
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin