ကျွန်မဘဝရဲ့ အကြီးဆုံးအမှားက
သူ့ကို ချစ်ခဲ့မိတာပဲ.....
တန်ပြန်ရခဲ့တာကတော့
နောင်တတွေနဲ့အတူ..
အချစ်ကြီးခဲ့တာနဲ့ ညီမျှပြီး....
တစ်စိမ့်စိမ့်နဲ့ သေစေနိုင်တဲ့
သေရာပါ နှသားကဒဏ်ရာတွေပါပဲ....🍁🍁🍁
အိတ်အနက်ရောင်တစ်ခုကို လက်ထဲထည့်ပေးလိုက်ရင်းနဲ့ဂါအူးလ် - " ပြည့်မပြည့်စစ်ကြည့်ပါအုံး...ဦးလေး"
တိုက်ခန်းပိုင်ရှင် - " ရပါတယ်...ရော့...သော့ "
သော့ကိုလက်ထဲထည့်ကာ သွားခဲ့တဲ့ ထိုဦးလေးကြီးကို တစ်ချက်မျှ ကြည့်ပြီး ဂါအူးလ်လည်း သော့ကိုယူကာ အချိန်မနှောင်းပဲ ဖွင့်လိုက်ပြီး တိုက်ခန်းထဲဝင်လာလိုက်တော့သည်။
မှန်တယ်...အိမ်မှာ ယောင်းရှိနေလို့ သပ်သပ်တိုက်ခန်းဝယ်ပြီး လာနေတာ.....သူတို့ကိုလည်း မောင်းမထုတ်ချင်ပါဘူး.....ဒီတော့ကျမပဲ သက်သက်နေလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်.......
လာနေတယ်ဆိုလို့ ထူးထူးခြားခြား ဘာမှတော့ မယူလာမိပေ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပိုက်ဆံအနည်းငယ်နဲ့ ကဒ်တစ်ချို့သာပါသည်။ အနည်းငယ်ရယ်ချင်စရာတော့ကောင်းနေသည်။ ဂါအူးလ်ပြေးနေမိတာမလား....ဂါအူးလ်လည်း အမှားမလုပ်ပဲနဲ့....ဘာကြောင့်ပြေးနေမိလည်း မသိတော့ပါဘူး....သေချာတာကတော့ တစ်အိမ်တည်းဆက်နေပြီး...အနေကျပ်နေတာထက်စာရင်တော့ တော်သေးတာပေါ့လေ......။
တိုက်ခန်းထဲမှာ ပစ္စည်းအစုံတော့ ဝယ်ထည့်ခိုင်းထားပြီးပြီဖြစ်ကာ ဦးလေးကြီးကို အားလုံးအပြီးအစီးသာ ငွေချေလိုက်တော့သည်။ အခန်းထဲမှာ ပျင်းခြောက်ခြောက်ကြီးမလို့ Ann book café ကိုသွားပြီး စကားစမည်ပြောဖို့စဥ်းစားကာ အိတ်ကိုလွယ်လိုက်ပြီး ထွက်လာလိုက်တော့သည် ။
>>>>>>>>>>>>>>>>>
လီဆိုး - " အမေ.....အမေ.....သတိထားပါအုံး "
လီဆိုး အမေရဲ့ အခန်းထဲကို ဒီနေ့မနက်အတွက် ဆေးလာတိုက်တော့ အမေက တီဗွီကြည့်နေရင်းနဲ့ ထိုင်ခုံပေါ်မှာ မေ့မျောနေတာကို တွေ့လိုက်တာမလို့ ဖုန်းကို တုန်တုန်ယင်ယင် အိတ်ထဲမှထုတ်ကာ
လီဆိုး - " ...ကျမ..ကျမ..အမေ..သတိမေ့သွားလို့...ဟုတ်....လိပ်စာက....."
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin