သူတော်တယ်....
နောက်ထပ် မချစ်ရဲတော့အောင်ကို
ပညာပြတဲ့နေရာမှာ..
တကယ်ပါ သူသိပ်တော်တယ်.....🍁🍁🍁
Gaeul's pov ( flashback)
ယောင်း.......အင်း.....ယောင်းဆိုတဲ့နာမ်စားလေးကို စဥ်းစားတိုင်း..ပြုံးမိတယ်...ဂါအူးလ်ရဲ့ နှစ်ယောက်မရှိတဲ့...ချစ်ဖို့ကောင်းတဲ့ ညီမလေးမလို့.....
ငယ်ငယ်ကဆို အိမ်ဘက်ကူးလာပြီး ဂါအူးလ်မပျင်းရအောင် အမြဲအဖော်လုပ်ပြီး အိပ်ငိုက်နေတာတောင်....မအိပ်ချင်သေးဘူးပြောပြီး...ရအောင်ပေကပ်ပြီး...အဖော်လုပ်ပေးတာပါ...အဲ့ပိန်ညောင်လေးကလေ...
အစားစားတဲ့အချိန်ဆိုရင်တော့ သူ့တကိုယ်လုံးမှာ အဲ့နားလေးပဲ ဝတယ်သတ်မှတ်လို့ရတဲ့ ပါးလေးတွေက အမြဲဖောင်းနေပြီး.....
ပါးဖောင်းဖောင်းလေးက လှုပ်တုတ်လှုပ်တုတ်လေးမလို့....အမြဲခိုးကြည့်ပြီး...ရယ်နေခဲ့ရသေးတယ်....မိသွားရင်လည်း သူ့ကိုရယ်တာ မကြိုက်တတ်ဘူးလေ...ဆရာမကြီးက...ဂါအူးလ် - " ဝန်းယောင်း..."
ပြောဆိုသည့် စတိုင်မေးငေါ့ပြသည့် 12နှစ်အရွယ်ငပိန်လေး....
ဂါအူးလ် - " မင်းက ချစ်စရာလေးပဲ...."
ထိုစကားကြောင့် စာအုပ်လေးကိုင်ကာ လူကြီးစတိုင်ဖမ်းနေတဲ့ ဝန်းယောင်းက စတိုင်ပျက်သွားသည် ။ မသိချင်ယောင်ဆောင်ကာ ချောင်းဟန့်ပြီး စာဆက်ဖတ်နေပေမဲ့ ပါးတွေကော နားရွက်တွေပါနီနေသည်။ ရယ်ချင်စရာလေးမလို့...
ဂါအူးလ် - " တကယ်...မင်းက...အမ်...ချစ်စရာကောင်းတဲ့..ယုန်လေး...ဟုတ်တယ်...မင်းမျက်နှာက ယုန်လေးနဲ့တူတယ်..."
အခုအနေအထားအရ ထိုင်ခုံမှာ မှီကာစာဖတ်နေတဲ့ ဝန်းယောင်းကို ဂါအူးလ်က စားပွဲပေါ်လက်တင်မေးထောက်ကာ ထိုင်စနေခြင်းဖြစ်သည်။ သူက စာအုပ်ပိတ်ကာ မျက်ခုံးလေးတွေကျုံ့ပစ်လိုက်ပြီး...လက်ပိုက်ကာ
ဝန်းယောင်း - " အမက...ဘာနဲ့တူလဲသိလား..."
ဂါအူးလ် - " ဘာလေးလည်းတဲ့ "
သူ့မျက်နှာကို လက်နဲ့အုပ်ရယ်ကာ
ဝန်းယောင်း - " sl..."ဂါအူးလ် - " ဘာရီး...."
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin