ကျမတို့ လူသားများသည်
လိုချင်တပ်မက်စိတ်ကို
အချစ်ဟုသော စကားလုံးလှလှဖြင့်
သားရေခြုံထားကြခြင်းဖြစ်သည်🍁🍁🍁
လီဆိုး ဒီအိမ်ကြီးကို ဒုတိယအကြိမ်မြောက်ရောက်ဖူးခြင်းဖြစ်သည် ။ ပထမအကြိမ်လိုတော့ ရင်ထဲပျော်ရွှင်မနေပါ..အခုကတော့....သိမ်ငယ်ခြင်းတွေနဲ့......
ကားမောင်းတဲ့နေရာကနေဆင်းလာပြီး...
ဂါအူးလ် - " ဝင်လေ...လီဆိုး...လာ..."
လက်ကိုဆွဲကာအိမ်ထဲခေါ်သွားတုန်း အိမ်ထဲကထွက်လာတဲ့ အမဝန်းယောင်းဆိုသူနဲ့ တွေ့သည်။ ထိုအမက လီဆိုးလက်ကိုကိုင်ထားတဲ့ အမရဲ့လက်ကိုကြည့်ကာ
ဝန်းယောင်း - " သူက ဒီအိမ်မှာနေမှာလား...မ "
အမက လီဆိုးလက်ကိုခပ်တင်းတင်းကိုင်လိုက်ကာ
ဂါအူးလ် - " ဟုတ်တယ်....အမ ခေါ်ထားချင်လို့လေ...သွားမယ်..လီဆိုး "
လီဆိုးလက်ကိုဆွဲကာ အပေါ်ထပ်ကိုခေါ်သွားတဲ့ အမရဲ့ပုံစံကိုကြည့်ရတာ....သေချာတော့မသိပေမဲ့ ခုနက အမနဲ့တစ်ခုခုဖြစ်ထားသလိုပါပဲ....အမဂါအူးလ် မျက်နှာက အနည်းငယ်တင်းမာနေသလို ဖြစ်နေတာကြောင့်ပါ။
ဟိုတစ်ခေါက်က အိပ်ရတဲ့အနီရောင်အပြည့်နဲ့အခန်းမဟုတ်တော့ပါ ။ အခုက အမဂါအူးလ်နဲ့ မျက်နှာချင်းဆိုင်ကအခန်းပါ။
ဂါအူးလ် - " တို့....မင်းလာနေမှာမလို့...သန့်ရှင်းရေးလုပ်ခိုင်းထားတာလေ...မင်းအဆင်ပြေရဲ့လား...ဒီအခန်းမှာနေဖို့ "
အဲ့လိုမေးနေတော့ပိုအားနာနာနှင့်
လီဆိုး - " ဟုတ်...ပြေပါတယ်..အမ...နေစရာပေးတာကိုပဲ...ကျေးဇူးတင်ပါတယ် "
ပြုံးပြပြန်သည်။ ဟိုနေ့က ပြီးမှ အမဟာ ခနခနပြုံးပြနေသည်။ လီဆိုးကို သနားနေလို့များလား.....။ပြီးတော့လှည့်ထွက်ပြီးမှ ပြန်လှည့်လာကာ
ဂါအူးလ် - " ဒါနဲ့...မင်းအကူညီလိုတာမှန်သမျှပြောနော်.....အမရဲ့တံခါးကို နှစ်ချက်ခေါက်လိုက်...."
လီဆိုး - " ဟုတ်.....ဟို...အမ..."
ဂါအူးလ် - " အွန်း...ပြော "
YOU ARE READING
Either way
Romanceဖူးစာပါရင် တစ်နည်းနည်းနဲ့တော့ လက်တွဲရစမြဲပါပဲ... ဖူးစာမပါရင်တော့လည်း ဘယ်လောက်ပဲ ဆွဲထားဆွဲထားတစ်နည်းမဟုတ်တစ်နည်းနဲ့ လက်လွှတ်ရစမြဲပါပဲ.... Iris yin