ခြံထဲမှကားမောင်းထွက်လာစဉ်ရုတ်တရက်သူ့ကားရှေ့မှာပိတ်ရပ်လိုက်တဲ့jiရဲ့ကားကြောင့် ဘရိတ်အမြန်အုပ်လိုက်ရသည်။
ဒီကလေးမဘာဖြစ်တာလဲ....သူသာဘရိတ်အမြန်မဆွဲနိုင်ရင် နှစ်ယောက်လုံးထိခိုက်နိုင်တယ်ဆိုတာမသိတာလား ?
"ဘာဖြစ်တာလဲ ji"
"အဲ့လိုမေးသင့်တာက ji မဟုတ်ဘူးလား phi....ဒါကဘာလဲ"
ဖုန်းထောင်ပြကာမေးလာတဲ့jiကြောင့် Gemဖုန်းကိုလှမ်းယူကြည့်လိုက်သည်။
Natawat ကို သူပွေ့ချီထားတဲ့ပုံကဘာလို့jiဆီကိုရောက်နေရတာလဲ ?"ဒါက.."
"လန့်သွားတယ်ပေါ့ဟုတ်လား...phiဘာလို့jiပေါ်ကိုဒီလိုမျိုးလုပ်ရတာလဲ၊ jiသူ့ကိုဘယ်လောက်မုန်းလဲဆိုတာphiလဲသိတာပဲ၊ သူကjiစီကနေပြီးတော့ ranကိုလုသွားတာ phi၊......phiကဘာလို့သူနဲ့ရှုပ်နေတာလဲ"
"Ji!...တကယ်လို့jiကဒီဓာတ်ပုံအကြောင်းပြောနေတာဆိုရင်တော့ သူအကို့ကိုကူညီခဲ့လို့သူ့ကိုအိမ်ပြန်လိုက်ပို့ပေးတာ....ဒီလောက်ပဲ"
"ကူညီတာလား phi......သူ့ကိုဒီလောက်ထိတောင် ပွေ့ချီထားစရာလိုလား......သူphiကိုမြူဆွယ်တာမလား !?"
"မဟုတ်ဘူး ji"
"ဘာကိုမဟုတ်တာလဲ phi!.....ji, ranကို ဆုံးရှုံးပြီးပြီးအခုphiကပါသူ့ကိုစွဲလမ်းနေတာလား.....ji မှာ ဘယ်သူမှမကျန်တော့ဘူးနော် "
Gemကိုယ်တိုင်လည်းဒါဘာအခြေနေမှန်းဆိုတာသေချာကိုနားမလည်နေသေးဘူး....
"Phiဘာလို့အဲ့လိုမျိုးလုပ်ရတာလဲ.....phiမမှတ်မိတော့ဘူးလား....သူကphiရဲ့သတို့သမီးကိုသတ်ခဲ့တယ်ဆိုတာမမှတ်မိတော့ဘူးလား!!!"
"တော်လောက်ပြီး ji !!!.....ဒီကိုလာ!"
"P'GEM...လွှတ်!...နာတယ် "
Ji လက်မောင်းကနေဆွဲကာ ကားမှန်မှာ ပေါ်နေသောjiရဲ့မျက်နှာကို gem သေချာကြည့်စေသည်။
"Ji....ကိုယ့်ကိုယ်ကိုမှန်ထဲမှာမြင်လား......ကြည့်"
မှန်ထဲမှာပေါ်နေသောji၏ပုံရိပ်သည်ပူလောင်မှုများနှင့်အရမ်းကိုကြည့်ရဆိုးနေသည်။
တန်ဖိုးကြီးသောပစ္စည်းတွေနဲ့ဘယ်လောက်ပဲခြယ်သထားပါတယ်ဆိုဦးတော့ အခုမြင်နေရတဲ့ jiသည် လှမနေတာတော့တကယ်.....
YOU ARE READING
Invests With Heart
Fanfictionကျတော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ ခွန်Gem Fourth fot..ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာေတွ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ် ...