"ကလေးတို့...ကလေးတို့ရေ"
"(((((ဟုတ်ကဲ့ Mae))))"
"Maeကို ဒါလေးတွေ မီးဖိုချောင်ဆီ ကူသယ်ပေးနော် ကလေးတို့"
"((((ဟုတ်ကဲ့)))"
"ဗိုက်ဆာနေကြပြီးမလား...ကလေးတို့စားဖို့ ချက်ပေးမယ်နော် ..လာ...လာကြ ဖြေးဖြေးသယ်သွားကြနော်"
ကလေးတွေကို ပစ်စည်းတခုဆီ သယ်ဖို့ပေးလိုက်ပြီးနောက် Mae ning က ဈေးခြင်းတောင်းလေးဆွဲကာ ၀င်လာရင်း အိမ်ရှေ့ လှေကားမှာ လူတယောက်ရပ်နေတာကြောင့်
"Khun...khunကဘယ်သူလဲ?"
"ဆဝါဒီခ အန်တီ၊ ကျနော်က ဦးလေးbonရဲ့ သူဌေးပါ ကျနော်ကူပေးပါမယ်နော် "
ထိုလူက သူ့ရဲ့ ခြင်းတောင်းကိုလက်ထဲကဆွဲကာ သယ်သွားပေးသည်။
"Khun ဒီကိုလာတာ ဘာကိတ်စရှိလို့လဲရှင့်"
"အန်တီအားတယ် မဟုတ်လားဗျ၊ ကျနော် အန်တီနဲ့ဆွေးနွေးစရာလေးနဲနဲရှိလို့ပါ"
ထိုလူစကားကြောင့် ning ဘာအတွက်လာတယ်ဆိုတာ သဘောပေါက်သွားတော့သည်။
"Khun lingက တအိမ်လုံးကို ရှာဖွေကျွေးနေတာလို့ momသတင်းကြားပါတယ်၊ အခု Khun lingတယောက်မရှိတော့ဘူးဆိုတော့ အန်တီတယောက်ထဲ ဒုတ်ခရောက်နေမှာပဲ၊ အဲ့တာကြောင့် momရဲ့ကားသမား လုပ်ခဲ့တဲ့အရာအတွက် mom အစားပြန်ပေးချင်ပါတယ် "
"ဘာမှမဖြစ်ပါဘူးလို့ ကျမပြောနေတယ်လေ၊ဖြစ်ခဲ့တာတွေအားလုံးက အတိတ်က ၀ဋ်ကြွေးတွေ ပြန်ပေးဆပ်ရတာ၊ ရှင့်ရဲ့ပိုက်ဆံတွေ ရှင်ပြန်သိမ်းထားလိုက်ပါ"
"အန်တီ...အန်တီ...အန်တီနဲ့ Khun lingက ဒီခေလးလေးတွေကို အိမ်မှာစာသင်ပေးဖို့ ခေါ်ထားတာ ၊ အန်တီပိုက်ဆံအများကြီးကုန်ကျမှာ"
"ကျမရှင့်ကို ပြောပြီးပြီးလေ ကျမ..."
"လက်ခံထားလိုက်ပါနော် အန်တီ"
စကားကိုပေးမဆုံးပဲ သူ့လက်ထဲထည့်ပေးလာသော amount တွေ အများကြီးပါ၀င်တဲ့ လက်မှတ်တစောင်၊
"ဘတ်သုံးသန်းက မနည်းဘူးနော်အန်တီ ....ဘ၀တခုကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးပြီးမလား ကျန်တဲ့ဘ၀များစွာကို ကယ်တင်ဖို့အတွက် ဒီပိုက်ဆံတွေကို အန်တီ ယူထားလိုက်ပါနော်၊ ပြီးတော့ momယုံတယ်၊ တကယ်လို့ Khun lingသာရှိနေသေးဦးမယ်ဆိုရင် သူကအန်တီ့ကို ဒီပိုက်ဆံတွေလက်ခံဖို့ပြောမှာ သေချာတယ်၊ ကျနော် အခုလိုလုပ်ရတာလဲ ကလေးလေးတွေရဲ့ဘ၀အတွက်ပါ"
YOU ARE READING
Invests With Heart
أدب الهواةကျတော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ ခွန်Gem Fourth fot..ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာေတွ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ် ...