Part 13

290 24 0
                                    

"Aow...fot ဘာတွေလုပ်ထားတာလဲ ဆံပင်တုတွေရော မျက်မှန်ပုံတုန်းကြီးလဲတပ်ထားသေးတယ်"

"အသစ်ဆန်းဖြစ်သွားအောင်ပါ၊ fotအပြင်သွားလိုက်ဦးမယ် phi'

P'mark ဘာမှထပ်မမေးလာခင် သူ အမြန်ပြေးထွက်လာခဲ့သည်။

ဒီနေ့ Gemini ကမြေပိုင်ရှင်နဲ့ဆွေးနွေမယ်လို့ ပြောထားတာကြောင့် အဘွားဆီ သူသွားမှဖြစ်မှာ။

"ဟင်...ဒီနေ့ အဘွားဆိုင်ပိတ်တာလား...အဘွား !အဘွား! ဘယ်မှာလဲ အဘွား!"

အိမ်ထဲ၀င်ကြည့်လဲ ဘသူမှမတွေ့လို့ ထူးဆန်းနေရသည်။

"ဟေ့..ဘသူလဲ"

"ငါပဲ Ai'pon"

"ငါပဲဆိုတာက ဘသူလဲ.. မင်းက ဘသူလဲ"

"ငါ fourth လေ မင်းဘာတွေကြောင်နေတာလဲ Ai'pon ၊ အဘွားရော အဘွားဘယ်မှာလဲ"

ဆံပင်တုကြီးနဲ့ ရောက်ချလာတဲ့ သူက fotတဲ့ ponမှာရီလိုက်ရတာ.....

"ဟားဟား Ai'fot ဘယ်လိုပုံဖြစ်လာတာလဲ ဟားဟား.အားးး! ဘာလို့ရိုက်တာလဲ ငါနာတယ်ကွ"

သူ့ကိုလက်ညိုးထိုးပြီးရီနေတာကြောင့် ponကိုင်ထားတဲ့ ယောက်ဇွန်းကြီးကို လှမ်းယူကာ ခေါင်းကိုရိုက်ထည့်ပေးလိုက်သည်။

"ရပ်ပြီးလား ရီတာ ...ရီဦးမလား"

"တော်ပြီးတော်ပြီး ထပ်မရိုက်နဲ့..ဒါနဲ့နင်ကဘာလို့လာတာလဲ နင်ပဲ ဟိုရှေ့နေကိုမုန်းတယ်ဆို၊ သူနဲ့ရန်ဖြစ်နေရဦးမယ်၊ အမြန်ပြန်တော့ သွား"

"ငါအဲ့ဒီရှေ့နေကြောင့်ပဲဒီကိုလာတာ၊ သူရောက်ပြီလား"

"မနက်ထဲကရောက်နေတာ၊ ရွာသားတွေရယ် ၊ ရှေ့နေကြီးရယ်၊ မြေပိုင်ရှင်ရယ် ခု သရက်ပင်အောက်မှာ စကားပြောနေကြတယ်....ဟေးး နင်ဘယ်သွားဖို့လဲခု"

ဒီရပ်ကွက်လေးထဲမှာ အရိပ်ကောင်းတဲ့ သရက်ပင်ကြီးတပင်ရှိတာ သူသိပြီးသားမို့ အဲ့ကိုသွားဖို့ သူလှည့်လိုက်သည်။

"ငါသွားမလို့ လွှတ် Ai'pon"

"အီးးးး နင်က ဘာသွားလုပ်မှာလဲ  ရှေ့နေနဲ့ တည့်တာလဲမဟုတ်ပဲနဲ့"

"တော်တော်စကားများတယ်...ဖယ်!"

"နေဦး နင်တယောက်ထဲမသွားနဲ့ ငါလိုက်ခဲ့မယ် စောင့်ဦး!...Oho ဘာလို့ဒီလောက်မြန်ရတာလဲ"

Invests With HeartWhere stories live. Discover now