"ဆရာ...ကျနော် fotနဲ့ပက်သက်ပြီးဆွေးနွေးချင်လို့ပါ"
"ဟုတ်ကဲ့ ထိုင်ပါဗျ....ကျနော်လဲ Khunကို ခုပဲ ခေါ်တော့မလို့ပါ၊ ပထမဆေးရုံဆင်းရက်ကနေ အခုရက်ထိ ဒီကြားထဲ fourth အခြေနေ ကျနော့ကို ပြောပြပေးပါဗျ"
"တခြားဘာမှမဖြစ်ဘူး ပုံမှန်စားတယ်ဆရာ၊ဒါပေမယ့် ဒီနေ့ ဆရာပြောထားသလို အခြေနေမျိုး ထပ်ဖြစ်တယ်၊ ဒီတခါနဲ့ပါဆို ၃ခါရှိပြီးဆရာ၊ "
"ဒါဆို....ကျနော် သိချင်တာက fot ဘယ်အကြောင်းရာနဲ့ဆို အဲ့လိုစိတ်လှုပ်ရှားတာမျိုးဖြစ်လဲဗျ"
Ran ပြောသင့်ရဲ့လား တချက်ပြန်စဉ်းစားရသည်။
Fotလဲ မသိစေချင်လောက်ဘူးလို့ သူထင်မိလို့ပါပဲ။"သူ့ကလေးနဲ့ပက်သက်ပြီးရယ် နောက် လူတယောက်ကြောင့်ရယ်နဲ့ ပက်သက်ရင် သူ စိတ်မငြိမ်ပဲ ကြောက်ကြောက်လန့်လန့်ဖြစ်တတ်တယ်ဆရာ"
"အော်ဟစ်သောင်းကျန်တာလား....ဒါမှမဟုတ်...ငိုတာလားဗျ"
"မဟုတ်ဘူးဆရာ...အော်ဟစ်သောင်းကျန်းတာမျိုးမဟုတ်ဘူး၊ fotပုံစံက ကြောက်တဲ့ပုံစံမျိုးဖြစ်သွားတာပါ"
"စိတ်ကျရောဂါမှာအမျိုးမျိုးရှိကြတယ်ဗျ
ဥပမာဆိုရင်Major depressive disorder
Persistent Depressive disorder
Premenstrual Dysphoria Disorder
Cyclothymic Disorder ၊ Bipolar disorder အပြင်အခြားခြားသော မျိုးကွဲတွေအများကြီးရှိပါတယ်၊ fourth သွေးစစ်ချက် ကျနော် ကြည့်ရသလောက် fourth က Cyclothymic Disorder ဖြစ်နေတာ ကြာပြီးဗျ၊ Khun နားလည်အောင်ရှင်းပြရမယ်ဆိုရင် Cyclothymic Disorder က လွန်ခဲ့တဲ့ ၂နှစ်၊ ၂နှစ်ကျော် ပတ်၀န်းကျင်လောက်ကစဖြစ်တာပါဗျ၊ သိပ်မခြေနေမဆိုးဘူး၊ရောဂါလက္ခဏာ သိပ်မသိသာဘူးဗျ အဲ့အခြေနေထဲက သတိထားမိပြီး ကုသမှုခံယူလိုက်ရင်တော့ ဒီအခြေနေထိမရောက်ဘူးဗျ""အခု fot အခြေနေက ဘယ်လိုရှိလဲဆရာ၊ ညဘက်တွေ ငိုငိုနေတတ်တာမျိုးလဲရှိတယ်ဆရာ"
"ကျနော် သူ့ကိုတီးခေါက်မေးကြည့်တာတွေကိုကြည့်ရင် အခု fourth အခြေနေက psychotic Depression ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရောက်နေပါတယ်၊ စိတ်ပိုင်းဆိုင်ရာစိတ်ဓာတ်ကျခြင်းလို့ ခေါ်ပါတယ်၊ သူ့ စိတ်လှုပ်ရှားကြောက်လန့်သွားတဲ့ စိတ်အတက်ပိုင်းအချိန်တွေမှာ တိတိကျကျထွက်ပေါ်လာနိုင်သလို စိတ်ထိခိုက်နာကျင်သွားတဲ့ စိတ်အကျပိုင်း အချိန်တွေမှာ ဒီရောဂါက 100% ထွက်ပေါ်လာပါတယ်၊ ကျနော် ပြောပြထားသလိုပါပဲ၊ အပြင်မှာမရှိတဲ့မဖြစ်တဲ့ မြင်ကွင်းတွေအကြောင်းရာတွေက သူ့စိတ်ထဲမှာ အလိုအလျောက်ဖြစ်နေတယ်၊ အသံတွေကြားမယ် မြင်ကွင်းအမှားတွေမြင်မယ်၊သူ့ကိုယ်သူ အပြစ်သားလို့သတ်မှတ်ထားတတ်တယ် သူ့ပတ်၀န်းကျင်မှာ အမှားတခုခုဖြစ်တာသည်သူ့ကြောင့်ဖြစ်တယ်လို့ သူ့စိတ်ကသတ်မှတ်ပစ်လိုက်တတ်ပါတယ်၊ အဲ့လိုသူစိတ်အထိန်းချုပ်မဲ့သွားတဲ့အချိန်တွေမှာ အနားမှာ လူတွေရှိနေသင့်ပါတယ်၊ တော်တော်စိုးရိမ်ရတဲ့အခြေနေပါဗျ၊ တခြားသူတွေကို ထိခိုက်အောင်လုပ်နိုင်သလို၊ သူ့ကိုယ်သူလဲ ထိခိုက်နာကျင်အောင်လုပ်နိုင်ပါတယ်"
YOU ARE READING
Invests With Heart
Fanfictionကျတော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ ခွန်Gem Fourth fot..ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာေတွ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ် ...