"P'ran...ဒီနားလဲပြင်ရမယ်ထင်တယ်ဗျ "
ရိုက်ပြီးထားတဲ့ထိ ဇာတ်၀င်ခန်းတွေတည်ဖြတ်ရင်း ၀န်ထမ်းတယောက် ပြောလာသည်ကို ran လှမ်းကြည့်လိုက်သည်။
"ဟုတ်တယ် ပြင်ရမယ်၊ ဒီလိုအမှားမျိုးထပ်မဖြစ်စေနဲ့၊ အချိန်ကုန်တယ်နော် ၊ "
"ဟုတ်ကဲ့ပါဗျ "
"အိုခေ....အော်...နေဦး နောက်ဆုံးရိုက်ထားတဲ့အခန်းက အလင်းနည်းသွားတယ်၊ အဲ့အခန်းပြန်ရိုက်မယ်လို့ Teamကိုပြောထားလိုက်ဦး၊ "
"ဟုတ်ကဲ့ဗျ"
လိုအပ်တာပြောပြီး ran အခန်းထဲက ထွက်လိုက်လျှင် အခန်းထဲ၀င်လာတဲ့ jiနဲ့ တိုက်မိသွားသည်။
"အာ့..."
Jiလက်ထဲကိုင်ထားတဲ့ ကိုယ်၀န်ဆောင်နဲ့ပက်သပ်တဲ့ စာအုပ်သည် ကြမ်းပေါ် ထင်းထင်းကြီးပေါ်နေတာကြောင့် ji ခပ်မြန်မြန်ကောက်ကာ ran မတွေ့အောင်ဖွက်လိုက်ရသည်။
Jiခပ်မြန်မြန်ပြန်ကောက်လိုက်သော ပစ်စည်းတွေတွက် passport တော့ မပါသွားခဲ့ပေ။
ကျန်ခဲ့သော passport ကို ran လှမ်းကောက်လိုက်သည်။
"Ji ...ဘယ်သွားမလို့လဲ"
"ရှင် ဘာ၀င်ရှုပ်တာလဲ...."
Ran လက်ထဲကPassport ကိုလှမ်းယူပေမယ့် မယူမခံပဲ ရှောင်လိုက်သည်။
"အလည်သွားဖို့လား၊ ဘာသွားလုပ်ဖို့လဲ"
"ကျမ ဘယ်သွားသွား၊ အဲ့တာ ကျမကိတ်စ၊ ရှင့်ကိတ်စတွေပဲ ရှင်အာရုံစိုက်ထားစမ်းပါ....ပေး"
Passport ဆွဲယူကာ ထွက်သွားတဲ့ ji ကျောပြင်လေးကိုသာ ရပ်ငေးနေခဲ့ရသည်။
ဘာဖြစ်လို့ ရုတ်တရက်ကြီး passport တွေပါယူလာရတာလဲဆိုတာ သူစဉ်းစားလို့မရပေ....
ဒါမှမဟုတ် jiဒီမှာမနေတော့မှာများလား ?အဖေကတော့ ဒီကိတ်စသိမှာသေချာတာကြောင့် မေးဖို့ ran ပြေးထွက်လာခဲ့သည်။
"အဖေ....အဖေ"
စာရွက်စာတမ်းတွေကြည့်နေရာမှ သူ့ကိုမော့ကြည့်လာပေမယ့် ဘာမှတော့ပြန်မပြော....
"Jiနိုင်ငံခြား သွားမလို့လားဗျ အဖေ"
"ဟုတ်တယ်....ဘာကိတ်စရှိလို့လဲ "
YOU ARE READING
Invests With Heart
Fanfictionကျတော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ ခွန်Gem Fourth fot..ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာေတွ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ် ...