"အားး ခြေထောက်တွေ နာလိုက်တာ မေမေရယ် ကျွတ်ကျွတ်.....ကျွတ်ကျွတ်""နာမှာပေါ့ ရဝီရဲ့ ခွေးအရှေ့မှာ သွားပြေးတာကို"
"မေမေကလဲ မောင်မပြေးရင် ခွေးက မောင့်ကို ကိုက်မှာပေါ့"
ထို့နောက် ကလေးစုတ်က မျက်နှာငယ်လေးလုပ်ကာ
"မေမေက မေမေ့သမီးလေးကို ခွေးကိုက်ခံထိစေချင်နေတာလား"
ပြောပြီးတာနဲ့ နှုတ်ခမ်းကို ဆူကာစိတ်ကောက်နေတော့သည်။
"ဟုတ်ပါပြီရှင် မေမေ ဘဲ မှားတာပါ နောက်တစ်ခါ ခွေးအရှေ့မှာ မျက်စိနောက်အောင် သွားမလုပ်ရဘူးနော် ရဝီ"
"ဟုတ် မေမေ"
ထိုအချိန် အိမ့်ခြူးမောင်က အိမ်ထဲကို ရေးကြီးသုတ်ပြာနဲ့ပြေးဝင်လာခဲ့သည်။
"ယိမ်းရေ ယိမ်း"
"ယိမ်း ဒီမှာ မောင် "
အိမ့်ခြူးမောင်လဲ ယိမ်းနဲ့ရဝီတို့ အနားကိုလျှောက်လာလိုက်သည်။ထို့နောက် ရဝီ့ကို ကြည့်ကာ
"ရဝီ ခွေးလိုက်ဆွဲခံထိလို့ဆို သမီး"
"ဟုတ် ဂိုဂို "
"ဂိုဂို့ကို ပြကြည့်စမ်း ခြေထောက်တွေဘာတွေ ကိုက်မိသွားသေးလား"
"ကိုက်တော့မကိုက်မိပါဘူး ဂိုဂို ရဲ့ ဒါပေမဲ့ ပြေးထားတော့ ခြေထောက်တွေတော့ နာနေတယ် ဂိုဂို "
"ဂိုဂို နှိပ်ပေးရမလား"
ပြောလဲပြော တကယ်နှိပ်ပေးဖို့ ဟန်ပြင်နေတဲ့ ဂိုဂို့ကို မောင် မနည်းကြီး တားလိုက်ရတော့သည်။
"(ရတယ်)² ဂိုဂို မေမေက မောင့်ကို ဆေးလိမ်းပေးထားလို့ သက်သာနေပါပြီ"
"အိပ်ခါနီးကျရင် အကိုက်ခဲပျောက်ဆေး တစ်လုံးသောက်အိပ်ထားနော် ရဝီ ညဘက်တွေ ကိုယ်လက်တွေကိုက်နေမှာစိုးလို့"
"ဟုတ် ဂိုဂို''
"မောင်လဲ သမီးကို စိုးရိမ်ပြီး သတင်းကြားကြားချင်းပြေးလာခဲ့တာ "
"သမီးက ဘာမှ မဖြစ်တော့ပါဘူး မောင်ရဲ့မောင်လဲ နားရင်နားလိုက်တော့လေနော်"
![](https://img.wattpad.com/cover/379033561-288-k873462.jpg)
YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။