"မောင် "ယိမ်းခေါ်လိုက်တော့ မောင်က ခြင်ထောင်ထောင်နေရင်းနဲ့ကနေ ယိမ်းကို မော့ကြည့်ကာ မေး လာခဲ့သည်။
"ဘာဖြစ်လို့လဲ ယိမ်း"
"ညနေက သမီးလေးပုံစံကို ကြည့်ရတာ တစ်မျိုးဘဲ ၊ ယိမ်းစိတ်တွေလဲ လေးနေတယ် မောင် ၊ သမီးလေး အဆင်ပြေပါ့မလား မသိဘူးနော်"
မောင်လဲ ယိမ်းအနားမှာ ထိုင်ပြီး ယိမ်းရဲ့လက်လေးကိုတစ်ယုတယ ကိုင်ကာ ပြောလိုက်သည်။
"ဒါမှမဟုတ်ရင် သမီးလေးကို သွားနှစ်သိမ့်ပေးလိုက်ပါလား ယိမ်း ၊ မောင် အိပ်ယာခင်းပြီးတာနဲ့ လိုက်ခဲ့မယ်လေ"
ယိမ်းလဲ မောင့်ကို ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်"
ညနေက သမီးလေးကို ကြည့်ရတာ သိပ်မှုမမှန်ဘူး ၊ ဘာကြောင့်မှန်းမသိပေမဲ့ ယိမ်းရဲ့ စိတ်တွေဟာ လေးလံနေခဲ့တယ် ဒါ့ကြောင့် မောင့်ကို ပြောပြီးတာနဲ့ ယိမ်းလဲ သမီးလေးရဲ့ အခန်းရှေ့ကိုလာပြီး အခန်းတံခါးကို ခေါက်ကာ အော်ခေါ်လိုက်သည်။
"ဒေါက်..ဒေါက်......ဒေါက်.......၊သမီးရေ.......ရဝီ....မေမေပါ...တံခါးခနဖွင့်ပါအုံး"
ပထမအကြိမ်ခေါ်လိုက်တဲ့အချိန်မှာ အခန်းထဲကနေ ဘာသံမှမကြားရပါ ။ဒီလိုနဲ့ ယိမ်းလဲ နောက်တစ်ခေါက် တံခါးကို ခေါက်ကာ သမီးဖြစ်သူ ယိမ်းရဝီမောင်ကို ထပ်ခေါ်လိုက်သည်။
"ရဝီ.....သမီး......မေမေပါ....တံခါးခနဖွင့်ပေးပါအုံးကွယ်"
ဒီတစ်ကြိမ်လဲ အထဲကနေ ဘာတုံ့ပြန်မှုမှမကြားရပါ။ ထိုအခါ ယိမ်းရဲ့ စိုးရိမ်စိတ်တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ပူလောင်သွားတော့ သည်။ ရင်ဘတ်ထဲကနေ လှိုက်တတ်လာတဲ့ ဝမ်းနည်းစိတ်တွေဟာ မျက်ရည်တွေအဖြစ်နဲ့ပါးပြင် ပေါ်ကို အလိုလို စီးကျလာကာ မျက်လုံးတွေလဲ ပြာယာခတ်နေတော့သည်။ထို့နောက် ယိမ်းနွဲ့ဟန် လဲ သမီးဖြစ်သူကို စိုးရိမ်တဲ့စိတ်ကြောင့် တံခါးလက်ကိုင်ကို ဆွဲဖွင့်နေကာ အိမ့်ခြူးမောင်ကို အော်ခေါ်တော့သည်။
"မောင်ရေ!!!မောင်!!!!လုပ်ပါအုံး!!!!ဒီမှာ သမီးလေးကို ခေါ်လို့မရတော့ဘူး!!!"

YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။