"ကို ခင်နဲ့ နှစ်ယောက်တည်း စကားခနလောက် ပြောလို့ရမလား ခင်"ထိုအခါ ခင်က မောင့်ကို ပြန်ကြည့်လာသည်။
"ဒီမှာဘဲ ကျုပ်အရှေ့မှာဘဲ ပြောလို့မရဘူးလား ကိုလွင်မောင်ဦး"
ထိုအခါ လွင်မောင်ဦး က ညစ်ကျယ်ကျယ်အပြုံးကိုပြုံးကာ ယိမ်းရဝီမောင်ကို ပြောလိုက်သည်။
"ဟက် ပြောလို့မရလို့ပါ မယိမ်းရဝီမောင် ၊ ကျနော်က ခင်နဲ့နှစ်ယောက်တည်းဘဲ ပြောချင်တာ"
"ခင့်နဲ့မောင့်ကြားမှာ ဘာလျှို့ဝှက်ထားစရာမှမရှိလို့ ဒီမှာဘဲ ပြောပါ ကိုလွင်မောင်ဦး ၊ မောင်ပြောတာ ဟုတ်တယ်မလား ခင်"
"ဟုတ်ပါတယ် ၊ ကိုလွင်မောင်ဦးပြောစရာရှိရင် ဒီမှာဘဲပြောပါ"
"ကျနော် ခင်နဲ့ နှစ်ယောက်တည်းဘဲ ပြောချင်လို့ပါ၊ ခနလေးပါဘဲ သိပ်မကြာပါဘူးဗျာ"
မောင်လဲ ခင့်အနားကိုကပ်ကာ တိုးတိုးလေး ခင့်ကို မေးလိုက်သည်။
"ခင် သူနဲ့ ပြောချင်လား"
"သူဘာပြောမလဲဆိုတာ နားထောင်ကြည့်လိုက်ရင် ကောင်းမလား မောင်"
"မောင့်ခင်လေးသဘောပါဘဲ"
ထို့နောက် မောင်လဲ ကိုလွင်မောင်ဦး ဘက်ကိုလှည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ ကျုပ်သဘောတူပါတယ်၊ ဒါပေမဲ့ ခနဘဲ ရမယ်နော် ကိုလွင်မောင်ဦး"
"ကျေးဇူးပါဘဲဗျာ ၊ ကျနော်လဲ အချိန်အကြာကြီး မယူပါဘူး"
ဒီလိုနဲ့ ခင်နဲ့ ကိုလွင်မောင်ဦးထွက်သွားတာကို မောင်လဲ ကြည့်နေခဲ့သည်။ထိုအချိန် မမမေမှ
"တကယ်လိုက်မသွားတော့ ဘူးလား မောင်"
"မသွားတော့ပါဘူး မမမေရယ်၊ မောင် ခင့်ကို ယုံတယ်"
"ဟုတ်ပါပြီ ၊ဒါနဲ့ တော်ပြီလား မောင်"
"ဟုတ် ၊ မောင်ဗိုက်ပြည့်သွားပြီမို့လို့ပါ "
"အင်း"
မောင်လဲ မမမေကို ပြောပြီးတာနဲ့ ခင်တို့နဲ့ မလှမ်းမကမ်းနေရာမှာ မဲကြီးနဲ့ စကားကပ်ပြီး ပြောနေလိုက်သည်။

YOU ARE READING
ဗျို့ မမခင်
Roman d'amourခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။