မဲကြီးတစ်ယောက် ငူငူငိုင်ငိုင်နဲ့ ဒေါ်ခင်သက်တို့အိမ်ကို ခြေလှမ်းတွေ လေးလံစွာနဲ့လျှောက်လာခဲ့သည်။ထို့နောက် ဒေါ်ခင်သက်ထွေးကို အိမ်အောက်ကနေ အော်ခေါ်လိုက်သည်။"အရီးခင်သက်ရေ......လာကြိုတဲ့ကားရောက်နေ ပြီ"
မဲကြီးရဲ့အော်ခေါ်သံကြောင့် ဒေါ်ခင်သက်ထွေးဟာ သမီးဖြစ်သူအခန်းထဲကို သွားကာ တံခါးကို ခေါက်လိုက်သည်။
"ဒေါက် ဒေါက်........ဒေါက်...သမီးရေ...အောက်မှာ ကားရောက်နေပြီကွယ်"
ထို့နောက် ဒေါ်ခင်သက်ဟာ အခန်းတံခါးကို ဖွင့်ပြီး ဝင်လာလိုက်သည်။ သမီးဖြစ်သူရဲ့ပုံစံကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတော့သည်။
"သမီး ၊ နောက်မကျခင် မေမေတို့သွားရအောင်နော် ၊ အောက်မှာ ကားရောက်နေပြီ"
လှည့်ကြည့်လာတဲ့ သမီးဖြစ်သူရဲ့ မျက်နှာဟာ အစားပျက်အအိပ်ပျက်တဲ့ ဒဏ်တွေကြောင့် အတော့်ကို ချောင်ချသွားတော့သည်။အရင်က ပါးဖောင်းဖောင်းလေးတွေဟာလဲ ပျောက်လုနီးပါးဖြစ်နေပြီ ။
"ဟုတ် မေမေ"
ဒီလိုနဲ့ ဒေါ်ခင်သက်ထွေး နဲ့ ခင်ထွေးညိုလဲ အိမ်အောက်ကို ဆင်းလာကာ ကားအနားကို ရောက်လာခဲ့ကြသည်။ မဲကြီးတစ်ယောက်ကတော့ ခင်ထွေးညိုကို တွေ့တာနဲ့ ဒေါသတွေထွက်လာတော့သည်။ သို့ပေမဲ့လဲ စိတ်ကိုလျော့ကာ ကားပေါ်ကို တတ်သွားတော့သည်။
"လာ သမီး ၊ ဒီနားမှာထိုင်နော်"
"ဟုတ် မေမေ"
ဒီလိုနဲ့ ကားပေါ်မှာ မဲကြီးရယ် ၊ ဒေါ်ခင်သက် နဲ့ ခင်ထွေးညိုရယ် သူကြီးတို့လင်မယားရယ် မေဇင်မော်တို့ တူရီးနှစ်ယောက်ရယ် ၊ ကားမောင်းတဲ့ ဒရိုက်ဘာနဲ့ အတူတူ မော်လမြိုင်သို့ ထွက်လာခဲ့ကြသည်။
ခင့်စိတ်ထဲတွင် ဒီသတင်းဟာ အမှန်မဖြစ်ပါစေနဲ့လို့သာ အတွင်တွင် ဆုတောင်းနေတော့သည်။ ခင်မယုံနိုင်ပါ မောင်ဟာ ခင့်ကို ထားပြီးထွက်သွားမည့်သူမဟုတ်ဘူးဆိုတာကို ခင် သိသည်။
ထို့နောက် ကားလေးဟာ တဖြည်းဖြည်းနဲ့ မောင့်တို့ ခြံရှေ့ကိုရောက်လာခဲ့သည်။ လူတွေများလိုက်တာ ခင့်စိတ်ထဲက စိုးရိမ်စိတ်တွေဟာလဲ ပိုတိုးလာခဲ့သည်။ခင်ဟာ ကားပေါ်က ဆင်းပြီးပြီချင်းတစ်ပြိုင်နက် အရူးတစ်ယောက်လို အိမ်ထဲကို ပြေးဝင်သွားတော့သည်။

YOU ARE READING
ဗျို့ မမခင်
Romansaခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။