တစ်မနက်လုံး အလုပ်ရှုပ်နေတာနဲ့ နေ့လည်စာစားဖို့တောင်အတော် နောက်ကျနေပြီ နေကလဲပူတော့ အလုပ်သမားတွေလဲ ပင်ပန်းနေလောက်ပြီ ဒါကြောင့်မောင်လဲ ကိုကျော်မိုးကို ခေါ်ကာ နားခိုင်းလိုက်တော့သည်။
"ကိုကျော်မိုး ခနနေနားကြတော့နော် မောင် အချိုရည်မှာထားပေးတယ် အလုပ်သမားတွေကို ဝေပေးလိုက်နော် ကျနော် သွားစရာရှိသေးလို့"
"စိတ်ချ စိတ်ချ ငါ့ညီမ အစ်ကိုဝေပေးလိုက်မယ်"
"ဒါဖြင့် မောင်သွားပြီနော် "
မောင်လဲ ကိုကျော်မိုးကိုနှုတ်ဆက်ကာ မောင့်ခင်လေးထံသို့အမြန်လာရတော့သည်။လက်ထဲမှာလဲ ခင့်အတွက် အချိုရည်နဲ့မုန့်က မပါမဖြစ်ပေါ့
"ဗျို့ မမခင်"
"ဘာလဲ အခုမှလာတာလား ကျောင်းတတ်တာဖြစ်ကြာလှပြီ မြန်မြန်လာ ထမင်းလာစားတော့"
"ဟုတ် ဒီမှာ မောင့်ခင်လေးအတွက်အချိုရည်နဲ့ မုန့်လေး မောင်ဝယ်လာခဲ့တယ်"
"ဒီမှာ ခနထိုင်နေ ထမင်းချိုင့်သွားယူပေးမယ်"
ဒီနေ့ မမခင် ဘာဖြစ်နေတာလဲ အမ်း မောင့်ကိုစိတ်ကောက်နေသလိုဘဲ မောင်ဘာလုပ်ထားမိပါလိမ့်။
ခနနေတော့ မမခင်က ထမင်းချိုင့်ကိုကိုင်ကာ မောင့်ဘေးမှာ ဝင်ထိုင်လိုက်သည်။ မျက်နှာကတော့ ဆူပုတ်ထားစဲပါ။
"ဟို ဟို ဟိုလေ မောင့်ကို စိတ်ဆိုးနေသလား မမ ခင်"
"မဆိုးပါဘူး စကားအရမ်းများတာဘဲ ရှင်ရယ် စားစရာရှိတာစား ဘယ်အချိန်ရှိနေပြီလဲ စောစောမလာဘူး ရှင်အဲ့လို ပေါ့ပေါ့ပြက်ပြက်လုပ်နေလို့ ကြည့်လို့ကိုမရတာ ဘယ်နှယ့် အစာစားချိန်လွန်ရင် ဗိုက်အောင့်မယ်ဆိုတာ မသိဘူးလား ယိမ်းရဝီမောင်"
ခင်က မောင့်ကို စိတ်မဆိုးဘူးလို့သာ ပြောတာ စကားတွေပြောလိုက်တာများဆက်တိုက်ပါဘဲ
"ဘာကြည့်နေတာလဲ စားတော့လေ ကျမက ရှင့်ကိုစကားက သိပ်ပြောချင်တာမဟုတ်ဘူးနော် စားစရာရှိတာစားပြီး သွားတော့ နောက်ပြီး ဦးထုပ်လေးဘာလေးလဲဆောင်းအုံး တကယ်ပါဘဲ အကုန်လိုက်ပြောနေရတယ် ဒီလောက်နေပူနေတာကို ဦးထုပ်မစောင်းဘဲ လုပ်နေတာ ဟွန့် ဘယ်ကောင်မလေးတွေကို မြင်စေချင်နေလို့လဲမှ မသိတာ ခင် အခုလိုပြောနေတာက ခင် ရှင့်ကို စိတ်ဝင်စားလို့မဟုတ်ဘူး ရှင့်ကို စိုးရိမ်လို့လဲပြောတာမဟုတ်ဘူးနော် အမြင်မတော်လို့ပြောတာ သိလား"

YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။