"အားလားလားးးနာလိုက်တာ ခင်ရယ်""နာမှာပေါ့ မောင်က ဆိုးတာကို ၊ လိမ်မှမလိမ်မာတာ စားချင်ရင် ဝယ်စားလို့လဲရတာဘဲ ကို ဘာလို့ သူများဟာကို ယူရတာလဲမောင်"
"အဲ့တာ မဲကြီးကြောင့်ပါ ခင်ရဲ့၊ မဲကြီးကလေ ငှက်တွေကိုယူခဲ့တာ မောင်ကမသိဘဲ စားမိတာပါ "
"အဲ့ဖွေးစိန်ကိုလဲ နောက်မှ ဒေါ်စိန်တုတ်နဲ့ကိုတိုင်ရမယ် မောင်တို့နှစ်ယောက်ဟာလေ အတူတူရှိလို့ကိုမရဘူး အတူတူရှိပြီဆို တစ်ခုမဟုတ်တစ်ခု ပြဿနာကတတ်တော့တာဘဲ"
ထိုအချိန် ခင်က ဆေးထည့်နေရင်းနဲ့ စိတ်တိုလာကာ မောင့်ခြေထောက်ကအရှိုးရာပေါ် သို့ ဆေးကိုဖိထည့်လိုက်တော့သည်။
"အာလားးးလားးးးးး သေပါပြီ ခင်ရယ် "
"အို အုံဖွ အုံဖွ နာသွားလားဟင်မောင် ဟီးဟီး ခင် ပြောရင်းနဲ့ အားပါ သွားလို့ ဘွာတေးနော် ဘွာတေး"
"ခင်နော် မောင့်ကို ရိုက်တုန်းက ရိုက်ပြီးတော့ အခုမှ ဘွာတေးလာလုပ်နေတယ် ဟွန့်"
ခင် သိလိုက်ပါပြီ ထိုကလေးစိတ်ကောက်နေပြီဆိုတာ
"ဒါဖြင့် ခင် ဘာလုပ်ပေးရမလဲဟင် မောင်"
"ဟဲဟဲ ခင် ရိုက်ခဲ့တဲ့ အချက်အရေအတွက်အတိုင်း မောင့်ကို အာဘွားပြန် ပေးရမယ်😁"
"အို အခုလား"
မောင်လဲ ခေါင်းကို တသွင်သွင်ညိတ်ကာ ပြန်ဖြေလိုက်သည်။
"အင်း ၊ အခု 😁"
ခင်က ခေါင်းလေးငုတ်ကာ လေသံတိုးတိုးလေးနဲ့ ပြန်ဖြေလာသည်။
"အိမ်ရှေ့ ကြီးမှာလေ မောင်ရယ်"
"ဒါဖြင့် အခန်းထဲ သွားကြမလားဟင် ခင် ဟဲဟဲ😁 "
ထိုအခါ ခင်က မောင့် ဗိုက်ခေါက်ကိုလိမ်ဆွဲကာ နှုတ်ခမ်းလေးဆူပြီး ပြောလာသည်။
"ရုပ်ကိုက ၊ဘာ အခန်းထဲလဲ "
"အားအားးးအားးးးးခင်ဘဲ အိမ်ရှေ့ကြီးမှာဆို"
"ဟုတ်တယ်လေ အိမ်ထဲဆိုရင်ရပြီပေါ့ ဘာလို့ အခန်းထဲကိုလဲ ဟင်းဟင်း မောင်နော် အမြဲတမ်း နှာဘူးအတွေးဘဲတွေးနေ ဟွန့်"

YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။