Part 8

5.6K 299 33
                                    


ဒီနေ့ကတော့  မောင့်ရဲ့ ပထမဦးဆုံးအလုပ်ဝင်ရမဲ့နေ့ဘဲဖြစ်ပါတယ် မှာထားတဲ့ ပစ္စည်းတွေလဲရောက်လာပြီဆိုတော့ ကျောင်းဆောင်အသစ်ဆောက်မဲ့ project ကိုစတင်အကောင်အထည်ဖော်မဲ့နေ့လို့လဲ ပြောလို့ရပါတယ်။ဒါကြောင့် ဒီနေ့ မောင်အစောရီးနိုးနေခြင်းဖြစ်သည်။

ရေမိုးချိုး အဝတ်အစားလဲ ပြီးတာနဲ့ အိမ်အောက်ကို ဆင်းလာခဲ့လိုက်သည်။

"အစောရီးနိုးနေတာလား ရဝီ"

"ဟုတ်မေမေ"

"ကြည့်ပါအုံး မေမေ့သမီးလေးက ဒီလိုလေးဝတ်ထားတော့လဲ တစ်မျိုးလေး ချစ်ဖို့ကောင်းနေပြန်ရော"

"ဟဲဟဲ ဒါဆို မောင်သွားလိုက်အုံးမယ်နော် မေမေ"

"ဘယ်သွားမလို့လဲ ရဝီ မနက်စာမစားသွားတော့ဘူးလား"

"မစားတော့ဘူးမေမေ မောင် မမခင်နဲ့အတူတူ ကျောင်းကိုတစ်ခါတည်းသွားမလို့ပါ ဟို မောင့်အတွက် ထမင်းချိုင့်မထည့်နဲ့တော့နော် မေမေ မောင် မမခင်နဲ့ အတူတူစားမလို့ ....သွားပြီ မေမေရေ......."

"အယ် ဒီကလေးတော့ ပြောပြီးတာနဲ့ပြေးထွက်သွားတော့တာဘဲ သမီးခင်ကို ဘာအရှုပ်သွားလုပ်အုံးမလဲ မသိပါဘူး"

မေမေနဲ့ စကားပြောပြီးတာနဲ့ မောင်လဲ မမခင်တို့ ဝိုင်းထဲကို ဝင်လာခဲ့လိုက်သည်။

ဟော ဟိုမှာ မောင့်အမျိုးလေးက မျက်နှာသစ်နေပါလား အနားသွားပြီး အနောက်ကနေ အသာလေး ခေါ်လိုက်အုံးမှ ဟီးဟီ🤭

"ဗျို့ မမခင်"

"အမလေး!!!"

ခင်လဲ ခင့်အနောက်ကနေပြီးတော့ ရုတ်တရက်အသံကြားလို့ လှည့်ကြည့်လိုက်တော့

"ယိမ်းရဝီမောင်!!!"

"အို ဘာလို့ အဲ့လောက်အော်တာလဲ မောင့်ခင်လေးရယ် မောင့်အသဲကဖြင့် နုနုလေးကို"

ခင်လဲ ထိုပလီပလာလုပ်ပြနေတဲ့ ကလေးစုတ်ကို မျက်စောင်းထိုးကာ မျက်နှာမြန်မြန် သစ်ပြီး အိမ်ထဲကို ဝင်လာခဲ့လိုက်သည်။ဒါတောင် ဒင်းက ခင့်အနောက်ကနေ အိမ်ထဲကို လိုက်လာခဲ့သည်။

"ခင် "

"ဘာလဲပြော"

"မောင့် ခင်လေးက အိပ်ပုတ်ကြီးလိုက်တာနော် အခုမှအိပ်ရာထတာမလား ဟီးဟီ "

ဗျို့  မမခင်Where stories live. Discover now