Part 6

1.9K 141 31
                                    

ဒီနေ့ အရီးလေးမြညိုတို့အိမ်မှာ လုပ်အားပေးဖို့ရာ သစ်ခွပန်းတွေရေ လောင်းနေတဲ့ မေမေ့အနားကို မောင်လျှောက်လာလိုက်သည်။

"မေမေ"

"ပြောပါရှင်"

"ဘာတွေလုပ်နေတာလဲ မေမေ"

"သစ်ခွပန်းလေးတွေ ရေလောင်းပေးနေတာပါ ရဝီလေးရဲ့"

"မေမေကတော့ လုပ်ပြန်ပြီ နောက်ပြီးကျရင် ဂိုဂိုက မေမေ့ကို ဆူတော့မယ် မေမေလဲ ဂိုဂို့အကြောင်းသိရဲ့သားနဲ့ ဂိုဂို က ဘယ်တုန်းက မေမေ့ကို အဲ့လိုအလုပ်တွေပေးလုပ်လို့လဲ"

"ဒါက မပင်ပန်းပါဘူး ရဝီလေးရဲ့"

"မပင်ပန်းဘူးဆိုပေမဲ့လဲ မေမေ့ရဲ့မောင်က မေမေ အလုပ်လုပ်တာကို မကြိုက်တာသိရဲ့သားနဲ့ မေမေက ဟိုဟာလေးလုပ်မယ်ဆိုလဲ ယိမ်း မလုပ်နဲ့ မောင်ဘဲလုပ်မယ် ဒီဟာလေးလုပ်မယ်ဆိုလဲ ယိမ်း ပင်ပန်းမယ် မောင်ဘဲ လုပ်ပါမယ်ဆိုပြီးတော့ အဖြစ်သည်းနေတာလေ"

"မေမေလဲ ပျင်းလို့ပါ ရဝီရယ် အပင်လေးရေ လောင်းတာလောက်ကတော့ ဘာမှ မဖြစ်ပါဘူး"

"နောက်ပြီးကျရင် ဂိုဂိုက မောင့်ကို ပါ ဆူတော့မှာ ဘာလို့ မေမေ့ကို ပင်ပန်းတာတွေခိုင်းရတာလဲ ရဝီဆိုပြီး"

တကယ် မောင့်ပုံစံအတိုင်း ခြေဟန်လက်ဟန်နဲ့ လုပ်ပြီး ပြောနေတဲ့ သမီးလေးကို ကြည့်ပြီးတော့ ယိမ်းရယ်လိုက်မိတော့သည်။

"ဟုတ်ပါပြီရှင်  မလုပ်တော့ပါဘူး ဟုတ်ပြီလားရဝီ ၊တကယ်ပါဘဲ သားအဖနှစ်ယောက်လုံးက တစ်ပုံစံတည်းတွေ"

"ဟဲဟဲ တူမှာပေါ့ မေမေရဲ့ မောင်က ဂိုဂို့ သမီးဘဲကို"

"ဒါနဲ့ မေမေကို ခေါ်တာက ဘာပြောမလို့လဲ ရဝီ"

"ဟီးဟီ ဟုတ်သားဘဲ မောင် မေ့တော့မလို့ ဟိုလေ အရီးလေးမြညိုတို့အလှူမှာ မဲကြီးက သူနဲ့အတူတူ သွားဝိုင်းကူလုပ်ပေးကြအောင်ဆိုပြီး မောင့်ကို ပြောထားလို့ အဲ့တာ မေမေစီမှာ ခွင့်လာတောင်းတာ"

"အင်း ဖွေးစိန်လေး နဲ့ဆိုတော့ မေမေစိတ်ချပါတယ် သွားလေ သမီး ရဲ့မေမေ ခွင့်ပြုပါတယ် "

ဗျို့  မမခင်Where stories live. Discover now