Part 21

4.3K 265 56
                                    


"ပြင်ဆင်စရာရှိတာတွေတော့ ပြင်ဆင်ပြီးသွားပြီ၊ မှာထားတာတွေလဲရောက်လာပြီ"

လက်မှာကိုင်ထားတဲ့ ကတ္ထီဖာဘူးအနီရောင်လေးကိုကြည့်ပြီးတော့ ယိမ်းရဝီမောင်တစ်ယောက် ပျော်ရွှင်စွာနဲ့ ပြုံးနေတော့သည်။

"ခင့်လက်ကလေးနဲ့ဆို ဒီပလက်တီနမ်ငွေရောင်လက်စွပ်လေးက သိပ်လှနေမှာဘဲ"

မှန်ထဲက ကိုယ့်ပုံရိပ်ကို ကိုယ်ကြည့်လိုက် ၊ လက်ထဲမှာကိုင်ထားတဲ့ လက်စွပ်လေးကို ကြည့်လိုက်နဲ့ ယိမ်းရဝီမောင်တစ်ယောက် ပျော်နေတော့သည်။ထိုအချိန် အိမ်အောက်ထပ်ကနေ မဲကြီးရဲ့ အော်ခေါ်သံကိုကြားလိုက်ရသည်။

"ရဝီရေ.......ရဝီ"

"အေး ငါဒီမှာ ရှိတယ် မဲကြီး ၊ အပေါ်တတ်​ခဲ့လေ"

"အေးအေး"

တစ်အောင့်အကြာမှာ မဲကြီး က မောင့်အနားကိုရောက်လာခဲ့သည်။မောင်လဲ မဲကြီးကို ကြည့်ကာ မျက်နှာကိုပြုံးပြီး ခါးထောက်ကာ ပြောလိုက်သည်။

"ဘယ်လိုလဲ မဲကြီး ၊ ငါလှတယ် မလား "

"ငါ့သူငယ်ချင်းက အမြဲတမ်းမိမိုက်နေတာဘဲ"

"ဟဲဟဲ ဒါပေါ့ ဒါပေါ့"

"ဒါနဲ့ ဆရာမလေးတို့ရော"

"အော် မေမေနဲ့ ဂိုဂိုက ဖွားဖွားစီ ခနသွားကြတယ် မနက်ဖြန်လောက်မှ ပြန်ရောက်မယ်ထင်တယ်"

"​အော်အေးအေး ၊ ဒါနဲ့ နင် မှာထားတဲ့ပစ္စည်းတွေရော ရောက်ပြီလား ရဝီ"

"အင်း ပစ္စည်းတွေကတော့ ရောက်ပြီ ၊ငါ့ကို ဖုန်းနဲ့ ဗီဒီယို သေချာရိုက်ပေးနော် မဲကြီး"

"အေးပါဟ ၊ စိတ်ချပါ ဒီလောက်ကတော့ ငါလုပ်တတ်ပါတယ်ဟ အဆင်ပြေသွားရင်သာ ငါစားချင်တာတွေ လိုက်ဝယ်ကျွေးရမယ်နော် ရဝီ"

"အင်း ဝယ်ကျွေးမယ်"

ဒီလိုနဲ့ မောင်နဲ့ မဲကြီးလဲ ညနေ ကျောင်းဆင်းခါနီးအချိန်လောက်မှာ ရွာကျောင်းလေးစီကို ပျော်ရွှင်စွာနဲ့ ထွက်လာခဲ့ကြသည်။

"ခနနေကျရင် ၊ ခင် ကလေးတွေကို စာသင်ပြီး အခန်းထဲက ထွက်လာတော့မှာ ၊ အဲ့ခါကျရင်ရင် ငါက နှင်းဆီပန်းလေးကိုင်ပြီး ဘောင်းဘီအိတ်ထဲမှာ ဖွက်ထားတဲ့ လက်စွပ်ဘူးလေးကို ထုတ်ပြီး ခင့်ကို လက်ထပ်ခွင့်တောင်းမယ်၊ နင်က ငါတို့ကို အစအဆုံး ဖုန်းနဲ့ သေချာ ဗီဒီယို ရိုက်ထားပေးနော် မဲကြီး အမှတ်တရလေးဖြစ်အောင်လို့ ၊ ဘယ်လိုလဲ ငါ့အစီအစဥ်မိုက်တယ်မလား "

ဗျို့  မမခင်Where stories live. Discover now