''ဒေါက်.... ဒေါက်...ဒေါက်''
မောင်လဲ တံခါးခေါက်သံကြောင့် အိပ်နေရာကနေ နိုးလာခဲ့တော့သည်။
''ရဝီရေ ရဝီ ထတော့ ဂိုဂိုတို့ မေမေကို သွားကြိုရအုံးမယ်လေ''
''လာပြီ ဂိုဂိုရေ''
မောင်လဲ ဂိုဂို့အသံကြောင့် အိပ်ရာကနေထကာ အခန်းအပြင်ကို ထွက်လာခဲ့လိုက်သည်။
''ရဝီက အိပ်ပုတ်ကြီးလိုက်တာကွာ မေမေ့ကိုသွားကြိုဖို့ နောက်ကျတော့မယ် ဂိုဂို အိမ်အောက်ကနေစောင့်နေမယ်နော် မျက်နှာသစ်ပြီးရင် မြန်မြန် ဆင်းခဲ့နော် ရဝီ''
''ဟုတ်ကဲ့ဗျ''
ဂိုဂိုက အိမ်အောက်ဆင်းသွားတော့ မောင်လဲ မျက်နှာသစ်ပြီး ဂိုဂို့စီကို အမြန်လာရတော့သည်။ မဟုတ်ရင် ဂိုဂိုက သူ့မိန်းမကို သွားကြိုတာနောက်ကျမှာစိုးလို့ မောင့်ကို ထားခဲ့တော့မယ်ဆိုတာ ကြိုသိနေ လို့ဖြစ်သည်။
''ကြာလိုက်တာ ရဝီရယ် ဟိုမှာ မေမေအကြာကြီး စောင့်နေရတော့မှာဘဲ''
မောင်လဲ ဂိုဂို့စကားကြောင့် လက်မှာပတ်ထားတဲ့ နာရီကို ငုံ့ကြည့်လိုက်တော့
''ဟာ ဂိုဂိုကလဲ သုံးနာရီတောင် မထိုးသေးပါဘူး ''
''သုံးနာရီမထိုးခင် အရောက်သွားရမှာလေ ရဝီရဲ့ ဒါမှ မေမေထွက်လာတဲ့အချိန်နဲ့ ကွတ်တိဖြစ်မှာပေါ့''
''ဂိုဂိုတို့ကို မပြောတော့ပါဘူးဗျာ ပြောလဲ မောင့်အလွန်ဖြစ်အုံးမယ်''
''ဒါဆိုလဲ မပြောနဲ့တော့ ရဝီလေးရာ ဂိုဂိုတို့အရင်သွားရအောင်''
''ဟုတ်ကဲ့ပါဗျ''
ဒီလိုနဲ့ မောင်နဲ့ ဂိုဂို လဲ ရွာက စာသင်ကျောင်းစီကို လမ်းလျှောက်ထွက်လာခဲ့တော့သည်။
၁၀မိနစ်လောက်အကြာ လမ်းလျှောက်ပြီးတော့ မောင်တို့ စာသင်ကျောင်းရဲ့ အရှေ့ကိုရောက်ခဲ့သည်။ရွာကျောင်းလေးကတော့ ဘာမှမပြောင်းလဲဘဲ အရင်အတိုင်းသစ်ပင်ကြီးတွေနဲ့ စိမ်းစိမ်းစိုစိုနဲ့ သာယာနေတုန်းဘဲ
''ရွာကျောင်းလေးက ဘာမှမပြောင်းလဲသွားဘူးဘဲ ''
ခင် နဲ့ဆရာမ ဒေါ်ယိမ်းနွဲ့ဟန်နဲ့အတူတူ လမ်းလျှောက်နေတုန်းမှာ ကျောင်းရှေ့က ပုံရိပ်လေးတစ်ခုကိုဖြတ်ခနဲ တွေ့လိုက်တော့ ခင်အံ့သြမိသွားသည်။
ဟင် ဟိုမှာ ဂိုဂို့ဘေးနားမှာ ရပ်နေတာ မနက်ကတွေ့ခဲ့တဲ့ ဟိုကောင်မလေးမဟုတ်ဘူးလား

YOU ARE READING
ဗျို့ မမခင်
Romansaခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။