Part 16

4.3K 266 26
                                    

"မေမေရေ အန်တီမော်တို့ လာလည်တယ်"

မောင်လဲ အပေါ်ထပ်က မေမေတို့ကြားအောင် အော်ပြောလိုက်တော့သည်။ ခနအကြာ မေမေနဲ့ ဂိုဂိုက အိမ်အောက်ကို ဆင်းလာခဲ့တော့သည်။

"မမမော်နဲ့မေဇင်လေး တို့ပါလား ၊ ယိမ်းစီလာလည်ကြတာလား "

"ကျောင်းပိတ်ရက်မှာ အိမ်မှာနေရတာလဲ ပျင်းတယ် ယိမ်းရယ်၊ ဒီမှာလေ တူမတော်က ယိမ်းတို့စီ သွားလည်ချင်တယ်ဆိုပြီး တတွတ်တွတ်​ပြောနေလို့ခေါ်လာတာ"

"သမီးမေဇင်လေးလဲ ပျင်းမှာပေါ့  ၊ အိမ်မှာတော့ ဒီမျောက်လောင်းလေးနှစ်ကောင်နဲ့ ပျင်းဖို့အချိန်မရပါဘူး မမမော်ရယ်"

မေမေကပြောပြီးတာနဲ့ မောင်နဲ့ ဂိုဂို့ကို မျက်စောင်းထိုး​ပြတော့သည်။
မေမေ့ရဲ့အပြောကို အန်တီမော်က သဘောတကျရယ်တော့သည်။

"အဲ့တာတော့ ယုံတယ် ယိမ်းရေ ၊ "

အန်တီမော့် အပြောကို မေမေက ထပ်ရယ်​ ပြန် သည်။
ဟွန့် လူကြီးတွေများ သူများကို ပြောရမယ်ဆိုရင် ဘာတွေသဘောကျလို့ကျနေကြကိုမှန်းမသိ။

"ရဝီရေ..."

"ရှင် မေမေ"

"ဒီမှာ အန်တီမော်တို့စားဖို့အတွက် လက်ဖက်သုပ်နဲ့ ရေနွေးချမ်းလေး လုပ်ပါအုံးကွယ်"

"ဟုတ် မေမေ"

မေမေကပြောတော့ မောင်လဲ မီးဖိုချောင်ထဲကို သွားဖို့ ထိုင်ရာကနေထလိုက်သည်။ထိုအချိန် မမမေက

"မေလဲ လိုက်ခဲ့မယ်နော် မောင် ၊ တီလေး ကပြောတယ် မောင် အသုပ်သုပ်တာ အရမ်းစားလို့ကောင်းတယ်တဲ့ အဲ့တာ မောင် အသုပ်သုပ်တာ မေကြည့်လို့ရမလားဟင်"

မောင်လဲငြင်းချင်ပေမဲ့ ကိုယ့်အိမ်ကိုလာလည်တဲ့ ဧည့်သည်ဆိုတော့ မကောင်းတတ်လို့သဘောတူလိုက်သည်။

"အဲ့လောက်လဲ မဟုတ်ပါဘူး မမမေရယ် ဒါဖြင့် မမမေ လိုက်ခဲ့ချင်ရင်လဲ လိုက်ခဲ့လေ"

"အွန်း"

ဒီလိုနဲ့ မောင်လဲ မမမေနဲ့အတူတူ မီးဖိုချောင်ထဲကို ဝင်လာခဲ့သည်။
.....

"ဟော မမခင်သက်တို့ပါရောက်လာပြီလား"

"ဟုတ်တယ် ယိမ်းရေ ၊ ဒီလိုမျိုးလူဆုံဖို့ဆိုတာ မလွယ်ဘူးလေကွယ်"

ဗျို့  မမခင်Where stories live. Discover now