''အား ကျွတ်ကျွတ်ကျွတ် ငါ ဖင်တွေနာလိုက်တာ မဲကြီးရာ""နင်ကဘာလို့ ဖင်နာတာလဲ နာခြင်းနာ ငါက နာရမှာမဟုတ်ဘူးလား "
"ဟ ညက နင့်ကြောင့် ငါဖင်ထိုင်လျှက် ကျသွားတာလေ မဲကြီးရ နင်ဖြစ်တာက နည်းနည်းလေး"
"ချီးကို နည်းနည်းလေးလား ယိမ်းရဝီမောင်ရာ ငါ့မှာလေ ညက အိမ်သာကလဲ သွားချင် ဒီကြားထဲ သရဲနဲ့ကတိုးတော့ ထွက်ချင်နေတဲ့ ချီးတောင် ဘယ်ထဲ ပြန်ဝင်သွားလဲမသိဘူး "
"အပိုတွေ မပြောပါနဲ့ မဲကြီးရာ ဘယ်ထဲမှ ပြန်မဝင်ဘူး နင့်ဘောင်းဘီထဲမှာ ထွက်ချတာသွားတာ ငါမသိဘူးထင်နေလား"
"အဲ့တာက နည်းနည်းလေးပါဟ"
"ခွီ......ချီးကိုနည်းနည်းလေးလား နင်ညက ဘောင်းဘီလဲလိုက်တာ ငါမသိဘူးထင်နေလား "
"နင် လိမ်းပြီးရင်လဲ ငါ့ကို ဆေးပုလင်းပေးအုံး "
"ရော့ ရော့ အများကြီးမလိမ်းနဲ့နော် အဲ့ဆေးက တအားပူတာ"
"သိပါတယ်ဟ ၊ ဒါနဲ့ နင်ကဘယ်သွားမလို့လဲ"
"ဟိုဘက်ဝိုင်းလေ ၊မမခင်ရဲ့အမေ ညက လန့်ဖျားဖျားပြီး သတိမေ့သွားတယ်ဆိုလို့ အဲ့တာ သတင်းသွားမေးမလို့"
"လန့်ဖျားတောင်ဖျားတယ် ဆိုတော့ ဘာတွေမြင်လို့လဲမှမသိတာ ငါပြောပါတယ် အရီးလေးခင်သက်တို့ဝိုင်းမှာ ဝတုတ်မသရဲကြီးရှိပါတယ်လို့ ပြောတာပြောသာ အခုမှ သတိရတယ် သရဲမက အရီးလေးခင်သက်လိုဘဲ ဝဝတုတ်တုတ်ကြီးတော့်"
"သရဲအကြောင်းပြန်မပြောပါနဲ့ဟာ ငါ ကြက်သီးတွေထပြီး ခါးတွေနာချင်လာသလို ဖြစ်လာလို့"
"အမယ် ဒီလောက်နာနေတာကိုတောင် ယောက္ခမကို မျက်နှာသွားလုပ် အုံး မယ်ပေါ့လေ"
"နာတာက နာတာလေ သွားမေးမှာက သွားမေးရမှာ နောက်ပြီး ဒီနေ့ ခင်နဲ့အတူတူ ကျောင်းကိုမလိုက်ဖြစ်တော့တဲ့အကြောင်းလဲ ခင့်ကို ပြောရအုံးမှာ"
"အမယ်လေးဟယ် ငါတော့ နင့်ကိုသိလိုက်ပါပြီ နင်က နင့်ဂိုဂိုနဲ့တစ်ပုံစံတည်းဆိုတာ ဘယ်နှယ့်ဟာ ကျောင်းအတူတူ မလိုက်ဖြစ်တာကအစ မခင်ထွေးညိုကို သံတော်ဦးတင်နေသေးတယ်"

YOU ARE READING
ဗျို့ မမခင်
Romanceခင် ၊ မမခင် ၊မောင့်ရဲ့ တစ်ဦးပိုင်လေး ခင် ခင်ဆိုတဲ့ အမျိုးသမီးလေးက မောင့်နှလုံးသားကို ဟိုးအရင်ကတည်းကနေ အခုချိန်ထိ ချုပ်ကိုင်ထားနိုင်သူ။ ဘဝက ရုပ်ရှင်မဟုတ်မှန်း မမခင်နဲ့တွေ့မှ မောင် နားလည်တော့တယ်။