End (ဇာတ်သိမ်းပိုင်း)

6.4K 311 30
                                    


ဖွားလေးရဲ့ အသုဘ ရက်လည်ပြီးတာနဲ့ မောင်တို့လဲ မမခင်တို့နဲ့အတူတူ ရွာကိုပြန်လိုက်လာဖို့ ဆုံးဖြတ်လိုက်ကြသည်။တရားနာပွဲမှာဖြစ်သွားတဲ့ ကိစ္စအတွက် အန်တီသန္တာက အစပိုင်းမှာတော့ စိတ်ဆိုးပေမဲ့ မဲကြီးရဲ့ တောင်းပန်မှုကြောင့် ခွင့်လွှတ်ပေးခဲ့သည်။ ဟုတ်လဲဟုတ်သည်လေ ကိုယ့်အမေ အသုဘကို ဘယ်သူက အခုလို ရယ်မောနေကြတာကို တွေ့ချင်မလဲ ။မဲကြီးဘက်က ကြည့်ရင်လဲ မှန်နေပြန်ရော ၊ ဘုန်းဘုန်းကမေးတယ်ဆိုတော့ သူ့ခဗျာ လိမ်လို့လဲမရပြန်ဘူးလေ။ဒီလိုနဲ့ မောင်တို့လဲ အန်တီသန္တာရယ် ၊ အန်တီညိုရယ် ၊ တီလေးဟန်နီနဲ့ တီလေးဝါ တို့ကို နှုတ်ဆက်ကာ ထိုညနေမှာဘဲ ရွာကိုပြန်ရင် ကားပေါ်ကို တတ်လာခဲ့ကြသည်။

"တာ့တာ တီလေးတို့"

ထိုအခါ တီလေးဝါက တီလေးဟန်နီကို ဖက်ကာ မောင့်တို့ကားလေးကိုကြည့်ပြီး အော်ပြောလာသည်။

"တာ့တာ ရဝီလေး !!!၊ အိမ့်ခြူးမောင်!!!! နင် ငါ့တူမလေးကို စိတ်ဆင်းရဲအောင်မလုပ်နဲ့နော်!!!!ကြားလား!!!"

ထိုအခါ ဂိုဂိုကလဲ မခေပါဘူး ကားပေါ်ကနေ ပြန်အော်ပြောတော့သည်။

"ကြားတယ်ဟေ့ ကြားတယ်!!! ၊ သွားပြီ မဝါလင်းရေ!!!"

"အေးအေး!!!!"

ဒီလိုနဲ့ မောင်တို့ကားလေးဟာ အန်တီသန္တာတို့အိမ်ကနေ တဖြည်းဖြည်းနဲ့ ထွက်ခွာလာခဲ့သည်။

ထိုအချိန် ခင့်အပေါ်သို့ရောက်ရှိလာတဲ့ အနွေးထည်လေးတစ်ထည်။

"အေးတယ်လေ ခင်ရဲ့ ၊ လေစိမ်းတွေအရမ်းမခံနဲ့နော် မောင့်ခင်လေးဖျားလိမ့်မယ်"

"ဟုတ် မောင်"

ခင်ဟာ ပြောပြီးသည်နဲ့တစ်ပြိုင်နက် ယိမ်းရဝီမောင်ရဲ့ ပုခုံးလေးပေါ်ကို ခေါင်းလေးမှီကာ အပြင်ဘက်က ရူခင်းတွေကို ကြည့်နေခဲ့သည်။ ယိမ်းရဝီမောင်လဲ ခင့်ကို နွေးထွေးသွားအောင် ပုခုံးလေးကို ပို၍တိုးကာ ဖက်ထားတော့သည်။ထိုကဲသဲနေတဲ့ အတွဲကို ကားပေါ်ရှိ  အိမ့်ခြူးမောင်တို့အတွဲနဲ့ မဲကြီးရယ် ဒေါ်ခင်သက်ထွေးတို့​က မျက်စောင်းထိုးကာ ကြည့်နေကြသည်ကိုတော့ ထိုအတွဲက မြင်ဟန်မတူပေ။

ဗျို့  မမခင်Where stories live. Discover now