9လပိုင်း 1ရက်နေ့ နာမည်ကြီးသတင်းစာတိုက်ကနေ ပျံ့နှံ့နေတဲ့ ထိပ်စည်းပိုင်းသတင်းတစ်ပုဒ်ကြောင့်လူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။M.C ကုမ္ဗဏီကြီးကဘယ်လိုဖြစ်တာလဲ တကယ်ကြီးလားစသဖြင့်ဝေဖန်သံတွေနဲ့ဆူညံနေတော့သည်။
M. C ကုမ္ဗဏီ ဒေါ်မေရှင်း ဦးချမ်းသာတို့လင်မယားဦးဆောင်သော ကုမ္ဗဏီကြီးသည် မြန်မာနိုင်ငံတွင်အကြီးဆုံးသောကုမ္ဗဏီဖြစ်သလို အချမ်းသာဆုံးကလည်း ဦးချမ်းသာတို့ပင်ဖြစ်သည်။ဘိုးဘင်ဘောင်ဆက်ချမ်းသာလာခဲ့ကြတာမလို့ လုပ်ငန်းလုပ်ေဆာင်ရာမှာတွင်လည်းသေသပ်ကာပြတ်သားတာကြောင့် ရှယ်ယာတွေများသလို လုပ်ငန်းတွေလည်းများ၏။
အဝေးပြေးကားကွင်းတွေလည်းပိုင်ထားသလို သယ်ယူပို့ဆောင်းရေး စသည့်လုပ်ငန်းသေးတွေကိုပါလုပ်ကိုင်၏။ဒေါ်မေရှင်းက ပိုးထည်တိုက်လေးတစ်ဆိုင်လည်းပိုင်ဆိုင်ထားသေးသည်။ဒေါ်မေရှင်းတို့တွင် သားတစ်ယောက်ဖွားမြင်၏။သူကတော့"ဓနရှင်"ဟူဟော ဂျစ်ကန်ကန်ကောင်ကလေးတစ်ယောက်သာဖြစ်သည်။
"မေကြီး"
"ရှင်"
"မင့်သားကိုလည်းဆုံးမပါဦးကွ ငါလည်းခဏခဏရုံးတက်ရမှာ ရှက်လာပြီး"
"ပြောနေတာပဲဖေကြီးရယ် ဖေကြီးသားမှ ကျွန်မစကားနားမထောင်တာ"
"အသက်ကဖြင့်၁၈နှစ်ပြည့်ပြီးပြီး ဆယ်တန်းနှစ်ခါကျတဲ့ကွာ ကြားလို့မှကောင်းသေးရဲ့လားဟ"
ဦးချမ်းသာခေါင်းကဆံပင်တွေကိုထိုးဖွရင်း မေရှင်းကိုပြောလိုက်၏။တစ်နှစ်တစ်တန်းအောင်လာခဲ့တဲ့သားက အရင်ကအဲ့လောက်မဆိုးပေ။ဆယ်တန်းမှာမှတဘုံးဘုံးကျကာ ခွေးဖြစ်ဝက်ဖြစ်ကိုကျသည်။ကျူရှင်ထားလည်းမရ အေဆာင်ထားတော့လည်း ခိုးထွက်ကာအိမ်ပြန်လာသည်။အပေါင်းအသင်းမှားမှာစိုးလို့ ပိတ်ပင်တော့လည်း သူ့ကိုမချုပ်ချယ်နဲ့ဟုဆိုကာထွက်သွားသည်။ခုလည်းကျောင်းမှာရန်ဖြစ်လို့ သူလိုက်ရှင်းပေးရပြီးပြီး။ကျောင်းစစဖွင့်ချင်းနှစ်လမှာပင် ဦးချမ်းသာဆရာမကြီးနဲ့တွေ့ခဲ့တာငါးခါရှိနေပေပြီး။အိမ်ကမိန်းမတောင်အဲ့လောက်မတွေ့အားဘူး ငါ့နှယ်။
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"