Chapter 4 (uni)

1.1K 43 0
                                    

"ဒေါင် ဒေါင် ဒေါင်"

ညနေကျောင်းချိန်ရောက်ပြီးဖြစ်တာကြောင့် ခေါင်းလောင်းမည်လာသည်နှင့်ဆရာမကိုနှုတ်ဆက်ကာကိုယ့်လွယ်အိတ်ကိုယ်လွယ်ပြီး အခန်းထဲမှမှထွက်ခဲ့ကြသည်။ကျောင်းအပြင်ဘက်ရောက်တော့ အရှေ့နားကခပ်လှမ်းလှမ်းမှာ စက်ဘီးတစ်စီးနဲ့ရပ်‌စောင့်နေတဲ့ ဓန ကိုမြင်လိုက်ရ၏။

သွင် လည်းခပ်သွက်သွက်လျှောက်လာပြီး ဓနရှိပြေးလာခဲ့သည်။

"ဒီနေ့ကျောင်းမတက်ဘူးလား ဓန"

"အင်း မတက်ဖြစ်ဘူး"

"ဘာလို့လဲ မနက်ကမှ သွင့်ကို တင်ခေါ်လာပြီး"

"ဘာမှမဖြစ်ပါဘူး ကဲ တက် ပြန်ရအောင်"

သွင့်ကိုကျောပေးကာစကားပြောနေသောဓနကြောင့် သွင့်မသင်္ကာဖြစ်လာပြီး မျက်နှာကိုသူ့ဘက်လှည့်စေလိုက်တော့။

"ဟင် ဓန မျက်နှာက"

"အင်း နည်းနည်းခိုက်မိတာ ဘာမှမဖြစ်ဘူး"

"ရရဲ့လားဟင်"

"အဆင်ပြေပါတယ်"

ထိုသို့နှင့်နှစ်ယောက်သားကြားတိတ်ဆိတ်သွားပြီးနောက်စက်ဘီးနင်းကာအတူပြန်လာကြသည်။ဓနကအသားဖြူကာ ဆံပင်လေးတွေကိုသေချာညှပ်ထားတာကြောင့် မျက်နှာချောချောလေးကို သွင် မြင်နေရသည်။မေးရိုးချွန်ချွန် နှာတံဆင်းပြီး မျက်ခုံးလေးကမဲနက်နေကာ ယောက်ျားတန်မဲ့မျက်တောင်‌မွှေးတွေကရှည်သေးသည်။ဟွန့် လူဆိုးကောင်ကြည့်လို့ကိုမရဘူး။

"တစ်နေရာခဏဝင်နားကြမလား"

"မရဘူးလေ ညကျသွင်မေမေ့ကိုသွားကြိုရဦးမှာ"

"အင်း"

မရ‌ဘူးဆိုလည်းမရဘူးပေါ့ ဘယ်တတ်နိုင်မလဲ။စက်ဘီးက်ုခပ်ဖြည်းဖြည်းသာစီးနင်းလာခဲ့သည်။သွင့် အိမ်ရှေ့ရောက်တော့စက်ဘီးကိုထိုးရပ်ကာ သွင်ဆင်းသွားမှ ဓန အိမ်ကိုပြန်လာခဲ့သည်။အိမ်ရောက်တော့မာမီက စက်ချုပ်နေလေ‌ရဲ့။

"မာမီ"

"အွန်း သား ဗိုက်ဆာနေပြီလား"

"မဆာသေးပါဘူး သားဘာကူစရာရှိသေးလဲဟင်"

My bad boyfriend is  "Boss"(Complete)Where stories live. Discover now