Chapter 7 (uni)

1K 41 2
                                    

၈နှစ်ခန့်ကြာပြီးနောက်....

သွင် နိုးလာတော့အရာအားလုံးကမှောင်မိုက်နေကာ အေး
စိမ့်စိမ့်နေရာတစ်ခုကိုသူရောက်ရှိနေသည်။ရင်ထဲတွင်လေးလံ‌နေကာ အသက်ရှူပင်မဝတော့ချေ။အရာအားလုံးကမှောင်မိုက်နေပြီး သူ့ရင်ကိုတစ်ခုခုကဆွဲညစ်ထားသလိုဖြစ်နေကာ သွင်အသက်ရှူတွေမြန်ဆန်လာသည်။

"သမီးလေး"

"သွင်"

"ကိုယ်က ဓနရှင်"

"မေမေတို့ရွာပြန်ကြမယ်"

"ကိုယ့်ကို ကိုကိုလို့ခေါ်"

"သမီးလေးအိပ်ချင်အိပ်လေ ရောက်ရင်မေမေနိုးမယ်"

"အားးး ဝုန်း"

ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး။မေမေ မဟုတ်ဘူး။

"မေမေ့"

သွင် အာခေါင်ခြစ်ကာအော်လိုက်ပြီး အိပ်ယာကထထိုင်လိုက်မိသည်။လက်မှာရောတစ်ကိုယ်လုံးချွေးစေးတွေကပ်ငြိနေ၏။သွင် အသက်ကိုခပ်ပြင်းပြင်းရှူနေမိသည်။သူအိမ်မက်မက်နေတာ လွန်ခဲ့တဲ့နှစ်တွေက ဖြစ်ပျက်ခဲ့တာတွေကို သွင် အိမ်မက်အဖြစ်မြင်မက်နေတုန်းပင်။

အဲ့တုန်းက။အဲ့တုန်းက မေမေကသွင့်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားပေးခဲ့တာ။သွင်ကမေမေ့ကာကွယ်ပေးမှုကြောင့် ဘာမှကြီးကြီးမားမားမထိခိုက်ခဲ့ပေမဲ့ မေမေ့ခေါင်းမှာတော့သွေးတွေကယိုစီးလာကာမျက်နှာတစ်မပြင်လုံးမြင်ရက်ပင်မရှိပေ။သွင်အလန့်တကြားနိုးလာပြီးမေမေ့ကိုကြည့်မိတော့ မေမေကသတိပင်မရှိတော့ချေ။မကြာလိုက် ဆေးရုံကကားရောက်လာပြီးလူနာကိုကယ်ထုတ်ပေးလာကြသည်။မှူခင်းဖြစ်တဲ့နေရာကိုရဲတွေရောက်လာကြ၏။

သွင်ကတော့ မေမေ့ကိုသယ်သွားကြတဲ့လူနာတင်ယာဉ်ပေါ်လိုက်ပါသွားပြီး မေမေ့အခြေအနေကိုစောင့်ခဲ့ကြပေမဲ့ မေမေဟာ ကားပေါ်မှာတင်အသက်ထွက်ခဲ့ပြီး။တကယ်လို့သူတို့သာအဲ့နေ့က ရွာမပြန်ဖြစ်ခဲ့ဘူးဆိုရင် မေမေ့ကိုနောက်ဆုံးအကြိမ်မြင်တွေ့ရတာမှန်းသာသိခဲ့ရင် သွင် မအိပ်ဖြစ်ပဲမေမေ့ကိုစကားတွေတတွတ်တွတ်ထိုင်ပြောနေမိမှာအမှန်ပါပဲ။

My bad boyfriend is  "Boss"(Complete)Where stories live. Discover now