ဒီနေ့မနက်တော့တစ်ရုံးလုံးအုံကြွကာ ဝိုးဝိုးဝါးဝါးတွေဖြစ်ကုန်၏။အကြောင်းအရင်းကတော့သူတို့bossက မမလေးလဝန်းမေမဟုတ်တဲ့သူနဲ့profileချိန်းထားတာမို့ အကုန်လုံးကအံ့ဩနေကြသည်။တချို့ကလည်း bossကဒီအတိုင်းပဲချိန်းတာဟုထင်ကာ bossလာမှအတည်ပြုကြဖို့စောင့်နေကြသည်။"Bossလာပြီး" လို့ကြားတာနဲ့အကုန်လုံးက ကိုယ့်နေရာကိုယ်ယူကာ bossကိုအကဲခန်ဖို့ပြင်နေကြသည်။
ဓနက ခြေတလှမ်းချင်းလှမ်းလာကာ မိမိမိုက်မိုက်လျှောက်လာ၏။ညာဘက်လက်ကိုဖုန်းကိုင်ပြီးဖုန်းပြောနေကာ ဘယ်ဘက်လက်ကိုတော့ ဘောင်းဘီအိတ်ထဲထည့်ထားကာစတိုင်ကျကျလျှောက်လာသည်။ဓနလက်က လက်စွပ်ကိုတွေ့ကြမှ ဝိုးလို့ထအော်မိမတတ်ပေ။သူတို့bossချောချောလေးပါသွားတော့ တချို့က ငိုသူကငို/တချို့ကကျ အားကျသူကအားကျနဲ့ ဓန သူတို့ကိုကေထာ်ကာရုံးခန်းထဲဝင်ခဲ့တော့မှ အနောက်က ကျန်ခဲ့တဲ့သူတွေတိုက်ပွဲကျကုန်တော့သည်။
"Bossကတကယ်ကြီးဟ"
"အေးနော် ပြီးတော့မမလေးလဝန်းမေလည်းမဟုတ်ဘူး"
"သေပါပြီးဟယ် ငါ့အဆင်လေးသူများစားသွာပြီး အားးး"
စသဖြင့်စကားသံတွေအမျိုးမျိုးထွက်ကာဆူညံနေတော့၏။အတွင်းရေးမှူးမင်းသန့်လည်း ပြုံးစိစိနဲ့ရယ်ချင်လာတာကိုထိန်းကာသူ့bossနောက်လိုက်လာခဲ့သည်။
ဓနထိုင်ခုံပေါ်ထိုင်လိုက်သည်နှင့်"ဂုဏ်ယူပါတယ် ဘော့စ်"
"ဘာအတွက်"
"ချစ်သူရသွားလို့လေ"
"အော် မသိပါဘူး ဒါနဲ့မင်းကငါ့ကိုရည်းစားမရတော့ဘူးထင်နေတာလား"
အမှန်အတိုင်းပြောလိုက်ရင် လစာလျော့သွားမလားမသိပေမဲ့ လိမ်ပြန်ရင်လည်းမကောင်းဘူးဘယ်လိုဖြေရပါ့။အမှန်အတိုင်းပဲဖြေလိုက်ပါတော့မယ်။
"Bossအသက်အရွယ်က"
"ဘာကွ"
အသက်ကိုထိလာတော့ဓနထအော်တော့သည်။သူဒီလောက်နုပျိုနေတာကို သုံးဆယ်နားကပ်နေတဲ့သူ့အသက်မဲ့ဘာမှမဆိုင်ဘူးဟမ့်။
"ကျွန်တော်ပြောတာဆုံးအောင်နားထောင်ပါဦး ကျွန်တော်ပြောတာက bossအသက်အရွယ်က ခုမှဖျတ်ဖျတ်လတ်လတ်ရှိသေးတာလေ ရည်းစားရမရမသိပေမဲ့ bossကအနေတည်တော့ တချို့တွေကြောက်ပြီး အနားမကပ်ရဲကြတာ ဟီး ကျွန်တော်လည်းကြောက်တယ် မမလေးလဝန်းမေတစ်ယောက်ပဲဘော့စ်အနားကပ်ရဲတာ"
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"