"နန်းဦးဆောင်"ရပ်ကွက်ရဲ့မနက်ခင်လေးမှာတော့ ဈေးသွားဈေးလာလူတွေနဲ့ရှုပ်ယှက်ခက်နေ၏။တစ်နေ့တာအတွက်ဝယ်ခြမ်းပြီးရင် ပိုက်ဆံရှာရကြရဦးမည်။အလယ်အလတ်တန်းစားတွေမို့ အချိန်ဖြုန်းနေလို့မအားပေ။နာမည်ကြီးကုမ္မဏီတို့ဆိုပ်ုလို့ဝေး၏။
ဓန တို့ကိုလည်းပြောင်းရွေ့လာသူလို့ပဲသိထားကြပြီး မြို့တွင်းနေသူများသာ ဒေါ်မေရှင်းတို့အကြောင်းအတွင်းကျကျသ်သည်။ဒီရပ်ကွက်ကသူတွေကတော့ကိုယ့်ဝမ်းရေးအတွက်ရုန်းကန်နေရသည့်အပြင် တစ်အိမ်မှာဖုန်းတစ်လုံးတောင်အနိုင်နိုင်။ရပ်ကွက်သူရပ်ကွက်သားတွေက ပါးစပ်ဖွာတာမျိုးလည်းမရှိတာမို့ သတင်းဘာညာစိတ်ဝင်စားကြခြင်းလည်းမရှိ။အချင်းချင်းခေါ်ပြောနှုတ်ဆက် ညနေစောင်းလူစုံတဲ့အခါရယ်ရယ်မောမောပင်စကားလက်ဆုံပြောကြသည့်အခါပဲရှိသည်။ဒါကြောင့် ဒေါ်မေရှင်းတို့လည်းအနေရမခက်သလို လှောင်ပြောင်ရယ်မောမည့်သူလည်းမရှိတာမို့ ဒီပတ်ဝန်းကျင်မှာနေလို့ပိုအသားကျလာသည်။
"သားရေ"
"ဗျာ မာမီ"
"စာကျက်နေတာလားသား"
"အိမ်စာရေးနေတာမာမီ ပြီးရင် ရေချိုးတော့မှာ"
"အေအေ ရေစောစောချိုး မာမီကဖျားနာမှာစိုးလ့်ုကြားလား"
"ဟုတ် ခဏနေရေချိုးလ်ုက်မယ်"
"အင်းအင်း"
ဦးချမ်းသာကနောက်နှစ်ရက်နေမှပြန်လာမှာဖြစ်လို့အိမ်အတွင်းရေးအစစအရာရာကိုဒေါ်မေရှင်းသာတာဝန်ယူထားရသည်။ပိုးထည်ဆိုင်လေးကိုတော့သားကျောင်းသွားတဲ့အချိန်မှသာဝသ်စီမံပေးတာဖြစ်ပြီး ခဏတဖြုတ်သာ စာရင်းတွေစစ်ဆေးပေးတာဖြစ်သည်။ကျန်သည့်အချိန်မှာတော့ဒေါ်မေရှင်းက အိမ်မှာပဲေနရင်းစက်ချုပ်နေတာဖြစ်သည်။
ဓန အိမ်စာရေးပြီးလို့ ရေချိုးရန်အောက်ကိုဆင်းလာခဲ့သည်။ရေတွင်းကအိမ်အနောက်ဘက်မှာဖြစ်လို့ မာမီ့အတွက်ပါရေဖြည့်ပေးထားပြီးသူကဒီတိုင်းချိုးလိုက်တာဖြစ်သည်။ထိုစဉ်...
"ဗျို့ အိမ်ရှင် အိမ်ရှင် ရှိလားရှင့်"
ခြံဝကနေခေါ်နေသောအသံတဆာဆာကြောင့်ဓနပဲအရှေ့ကိုလာခဲ့လိုက်သည်။
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"