Chapter 23 (uni) warning

1.7K 28 2
                                    

ဦးထည်ဝါတို့ကိစ္စတွေပြီးတော့နှစ်ယောက်သားအမြဲတပူးတူးတတွဲတွဲဖြစ်ကာဝန်ထမ်း‌တွေကပင် သဲသဲကဲကဲအတွဲဟုပြောနေကြပေပြီး။

ဦးထည်ဝါတို့အတွက်အဆုံးသတ်ကထောင်ဒဏ်နှင့်တခြားပြစ်မှုများအတွက်တော့ပိုင်ဆိုင်မှုတွေကြိအစိုးရကသိမ်းယူလိုက်သည်။အမရာသွေး‌ကိုတော့ပြည်နှင်ဒဏ်နှင့်သက်ညှာပေးလိုက်၏။

"အကိုမင်းသန့်ကဘယ်တော့ပြန်လာမှာလဲဟင် ကိုကိုး"

"ကလေးလေးသူ့နေရာကဖယ်ပေးရင်နော့ပြန်လာလောက်ပါတယ်"

"ကိုကိုနော် စမနေနဲ့"

"မစပါဘူးဗျာ တကယ်ပြောတာလေ ကလေးလေးကဒီမီာကိုယ့်ကိုကူပေးနေတော့မင်းသန့်ကပြန်လာလို့မရဘူးလေ"

"ဒါဆိုပြန်လာခိုင်းလိုက်တော့လေ မာမီတို့ညနေပြန်လာရင်သွင်ကအစောကြီးပြန်သွားရမှာ ပြီးတော့မာမီ့ပိုးထည်တိုက်လေးကိုသွင်ကမာမီနဲ့အတူလုပ်ရမှာတဲ့ အဟိ"

"ပျော်လား ကလေးလေး"

"အွင်း"

သွင်ကပေါင်ပေါ်ထိုင်ကာဓနရဲ့အကျီကြယ်သီးတွေကိုကစားနေ၏။

သွင်က ဓနကုမ္မဏီက မင်းသန့်နေရာခဏဝင်ယူပြီးလူစစ်ပေးတုန်းကဆိုသွင်ကတကယ်ဆရာမစတိုင်လ်လေးနဲ့ဖြစ်၏။ရုံးတွင်းစည်းကမ်းတွေကိုသူကပဲအသစ်ထုတ်ပေးကာ သူကbossလား ကိုယ်ကbossလားပင်မသဲကွဲတော့။ဓနကတခြားဌာနဘက်တွေရံဖန်ရံခါမှသွားတာမို့‌ ဓနဦးထည်ဝါကိစ္စတွေနဲ့ရုံးမလာနိုင်တဲ့အခါတခြားရုံးခွဲဌာနဘက်တွေပါလ်ုက်ကြည့်ပေးတတ်သည်။တစ်ပါတ်အတွင်းမှာပင်ဝန်ထမ်းတွေရဲ့ပါးစပ်ထဲထပ်တူညီတဲ့စကားတစ်ခွန်းကိုကြားခဲ့ရ၏။

*Bossရဲ့အတွင်းရေးမှူးကbossထက်ပိုကြောက်ရတယ်နော်*တဲ့

ဓနအဲ့စကားကြားတုန်းကဆိုကြိတ်သာရယ်မိသည်။သွင်ကတကယ်ဆရာမစတိုင်လ်တင်လုပ်သွားတာကိုးလေ။

"ကိုကိုး"

"ဗျာ"

"ပြုံးစိစိနဲ့ဘာလုပ်နေတာလဲအကိုမင်းသန့်ကိုဖုန်းမဆက်ပဲဘယ်ကောင်မလေးအကြောင်းကိုတွေးနေတာလဲပြော"

My bad boyfriend is  "Boss"(Complete)Where stories live. Discover now