Chapter 2 (uni)

1.3K 52 0
                                    

"မေမေ သွင် ကျောင်းသွားတော့မယ်"

"အေအေ သမီးရေ ‌မေမေ ထမင်းချိုင့်ထည့်ပေးထားပြီးပြီးနော် ပိုက်ဆံငါးရာအဲ့ကြားထဲညှပ်ထားတယ်"

"ဟုတ်မေမေ တာ့တာ"

သွင်မေမေ့ကိုဈေးလိုက်ပို့ပြီး ကျောင်းသွားရန်ထွက်ခဲ့ကာ မေမေ့ကိုလည်းနှုတ်ဆက်လိုက်သည်။ဒီတစ်ရက်တက်ပြီးရင် ကျောင်း၂ရက်ပိတ်တော့မည်မို့ မေမေ့ကိုနှစ်ရက်လုံးကူလို့ရပြီး။

သွင် တို့ဈေးနဲ့ကျောင်းကသိပ်လည်းမဝေးတာမို့ ခြေကျင်လျှောက်ရင်တောင်ရသည်။သွင်တို့ကျောင်းက အစိုးရကျောင်းပဲဖြစ်ကာ ဆယ်တန်းအထိရှိသည်မို့ ဘာမှတော့မပူရ။

ကျောင်းသို့လာရာ လမ်းတစ်လျှောက်မှာ ငေးမိငေးရာ ငေးနေမိတာမို့ အကွေ့တစ်ခုမှာလူကိုမမြင်လိုက်ပဲ ဝင်တိုက်မိသွား၏။

"အ နာလိုက်တာ"

သွင် နာသွားတဲ့နဖူးလေးကိုမော့ကာ တိုက်သွားမိတဲ့သူကိုကြည့်လိုက်တော့

"ဟင် လူဆိုးကောင်"

"ဘာကွ"

"အဲ"

သွင် ခေါ်နေကျ နာမည်လေးကိုယောင်ကာခေါ်လိုက်မိသည်။သွားပြီး လူဆိုးကောင်မျက်နှာကနီရဲနေပြီးဟ။

"ဆောရီး မှားခေါ်မိတာ ခွင့်ပြုပါဦး"

လူကိုဝင်တိုက်ပြီး ‌တောင်းပန်တာတောင်သူ့ကိုမော့မကြည့်လာတာကြောင့် ဓန စိတ်တိုသွား၏။သူ့ကိုလည်းနာမည်ဖျက်သေးတာ ဘာတဲ့ "လူဆိုးကောင်"တဲ့ ဟွန်း။

"နေဦး မင်းတောင်းပန်တာကလဲရင့်လှချည်လား"

"တမင်ဝင်တိုက်တာမှမဟုတ်တာ မမြင်လို့တိုက်မိတာပဲလေ ဘာဖြစ်ချင်နေတာလဲ"

အောင်မာ သူ့ကိုတောင်ပြန်စွာနေတာကြည့်စမ်း လူကလက်တောက်လောက်လေးနဲ့။

"မမြင်ရအောင်ဘာလုပ်နေလို့လဲ လမ်းကိုကြည့်လျှောက်မှပေါ့"

"နင့်အပူမပါဘူး ဖယ်"

"ဘယ်လိုမပါတာလဲ လူကိုတောင်ဝင်တိုက်သွားပြီးတော့"

"တောင်းပန်ပါတယ် ဟုတ်ပြီလား ငါကျောင်းနောက်ကျတော့မှာ"

သူ့ရှေ့က ကလေးမကသူ့ထက်နည်းနည်းပင်ငယ်ပုံရကာ အသားလေးနဲနဲညိုချင်၏။မျက်တောင်ကော့ကော့လေးနဲ့နှုတ်ခမ်းပါးပါးလေးကထင်းနေကာ နဂိုဆံပင်နီညိုရောင်လေးကသူမနဲ့လိုက်ဖက်လှ၏။ဆံပင်အလိပ်လေးတွေကို နှစ်ဖက်ခွဲစည်းကာ ခါးနည်းနည်းကျော်နေပေပြီး။

My bad boyfriend is  "Boss"(Complete)Where stories live. Discover now