Chapter 8 (uni)

1K 38 1
                                    

"ကို"

"ကျစ်"

"ဘာဖြစ်နေတာလဲခေါင်းမူးလို့လားဟင် မေ နှိပ်ပေး‌မယ်လေ"

"ရတယ် နေ နေ"

ဓန ထိုင်ရာကအမြန်ထကာ လဝန်‌းမေကိုဘေးကိုတွန်းဖယ်လိုက်သည်။ထိုအခါ လဝန်း‌မေမေက

"ကို မျက်နှာမကောင်းတော့ မေကစိုးရိမ်လို့ပါ"

ဟိုးအရင် ကျောင်းကိစ္စကတည်းက ဓနကမေ့ကိုစချစ်ခဲ့တာသိပေမဲ့ အခုတော့ မေက ဓနကိုပြန်ပြီးချော့ရမယ့်အလှည့်ရောက်ပြီ။မေ အရင်ကစဉ်းစားတွေဝေမှုမရှိပဲ ဗညားကိုလက်ခံလိုက်တာငါးပါးမှောက်သွား၏။ဗညားက ပြဿနာတက်တိုင်း သူမကို ဓနနဲ့သမုတ်ပြီး ပြောဆိုသည်။တစ်ခါတစ်လေဆိုလက်ပါတာမျိုးတောင်ရှိသည်။မေကစိတ်ဆိုးနေပြီးသူကလိုက်ချော့လို့မရတော့ရင် မေ့အိမ်ရှေ့လာပြီးမူးရူးရမ်းကားတာမို့ ဒယ်ဒီကအကြီးအကျယ်စိတ်ဆိုးကာ သူနဲ့ဖြတ်ခိုင်းပြီး မေ့ကိုအိမ်မှာပိတ်ထားခဲ့သည်။မေက ဖုန်းကနေတဆင့်ဗညားကိုလမ်းခွဲလိုက်ပြီးနောက် ဗညားကအိမ်ရှေ့ထိလာကာတောင်းပန်ခဲ့ပေမဲ့ ဒယ်ဒီကသူ့လူတွေနဲ့ထိုးကြိတ်ရိုက်နှက်ကာမောင်းထုတ်လိုက်ကြသည်။ဒီအချိန်ထိ ဗညားကသူ့ရှေ့ကိုပေါ်မလာတော့ပေ။

"လဝန်းမေ"

"ဟင်"

"မင်း လုပ်စရာမရှိဘူးလားဟမ် မင်းဒယ်ဒီရဲ့အလုပ်တွေကိုအားနေရင်ကူပါလား ဘာလို့ငါ့နားလာရှုပ်နေတာလဲ"

"အို မေက ရှုပ်တာမဟုတ်ပါဘူး ဒယ်ဒီကလည်း အကျိုးတူလုပ်ငန်းမို့ ကိုနဲ့မေ့ကိုနီးစပ်စေချင်လို့အနားနေခိုင်းတာလေကိုရဲ့"

"အဟက်"

အဲ့နေ့က မာမီကသူစီစဉ်ထားတာတွေကိုပြောပြပြီးဓနကိုလိမ္မာအောင်လို့ဟန်ဆောင်ပြပေးခဲ့တာတွေ သိလိုက်ရတဲ့အချိန်မှာ ဓန စိတ်ထဲလေးလံသွားပေမဲ့ သူကောင်းဖို့အတွက်သူ့မိဘတွေပါအနစ်နာခံပေးကြတော့စိတ်မဆိုးရက်သည့်အပြင် ဆယ်တန်းမှာစာပိုလုပ်ပြီးဂုဏ်ထူးနဲ့အောင်နိုင်ခဲ့သည်။တစ်နေ့တစ်နေ့သွင့်ငိုသတိရစိတ်နဲ့ဝမ်းနည်းရတာမို့ မြန်မာနိုင်ငံကိုသူခဏတာစွန့်ခွာခဲ့ပြီးUkမှာကျောင်းဆက်တက်ခဲ့သည်။ကျောင်းပြီး ဘွဲ့ယူပြီးမှဒီကိုပြန်လာခဲ့၏။ပြန်ရောက်တာနဲ့ ဒယ်ဒီက လုပ်ငန်းကိစ္စတွေအနားယူပြီး မာမီ့အနားမှာပဲအဖော်ပြုစေချင်တော့တယ်ဟုပြောပြီး သူ့ကိုအမွေဆက်ခံသူအဖြစ်တရားဝင်ကြေညာပေးခဲ့သည်။

My bad boyfriend is  "Boss"(Complete)Where stories live. Discover now