"ဒေါက် ဒေါက် ဒေါက်"
"သားရေ အဆင်သင့်ဖြစ်ပြီလား"
"ဟုတ် မာမီ သားထွက်ခဲ့မယ် "
"အေအေ သားလေး"
ဒီနေ့ ဓနတို့ ***ရွာကို တရားပွဲအတွက်သွားကြမည်ဖြစ်တာမို့ အစောကြီးပြင်ဆင်နေခြင်း။မာမီနဲ့ဒယ်ဒီကအသင့်ဖြစ်နေပေမဲ့ သူက သွင့်ပိုက်ဆံ၅ထောင်တန်လေးကို ကိုယ်နဲ့မကွာဆောင်ထားတတ်တာမို့ ဖုန်းရောလိုအပ်တာတွေပါယူကာဆင်းခဲ့သည်။
"သား ရောက်ပြီးမာမီ"
"အေအေ ဒါဆိုသွားကြစို့"
အိမ်မှာကတော့တော့အလုပ်သမားတချို့ရှိနေတာမို့ ခြံခတ်ခဲ့ဖို့မလို။ရွာကိုတော့ ဓနကိုယ်တိုင်ပဲကားမောင်းသွားမှာဖြစ်သည်။
"မောင်းလို့အဆင်ပြေတယ်မလား သား ဝေးတော့ညောင်းမှာစိုးလို့"
"အော် မိန်းမကလည်း မင်းယောက်ျားကအကောင်းကြီးရှိပါသေးတယ် သားညောင်းရင်ကိုယ်တစ်လှည့်ပြန်မောင်းပေးမယ်ဟုတ်ပြီလား"
ထိုအခါ ဒေါ်မေရှင်းကသူ့ယောကျာ်းကိုမျက်စောင်းထိုးကာ
"တော့်ကိုစိတ်မချလို့ပေါ့ "
"ဘာစိတ်မချစရာရှိလဲကွာ ကိုယ်နေပြန်ကောင်းတာဖြင့်ကြာလှပြီကို"
"စကားမများနဲ့ တိတ်"
သူ့မိန်းမကတိတ်ဆိုတော့လည်း ဦးချမ်းသာနှုတ်ခမ်းလေးစေ့ကာ ဇက်ကလေးပုသွားပြီး ငြိမ်ငြိမ်လေးနေလိုက်တော့သည်။မတော်တဆဖြစ်ကတည်းကစပြီး နေကောင်းလာသည်အထိ ဒေါ်မေရှင်းက ဦးချမ်းသာကို သူပါမှကားမောင်းခွင့်ပေးသလို တစ်ခါတစ်လေမှသာမောင်းခွင့်ပြုတော့သည်။
ဓနကတော့ မိဘနှစ်ပါးဖြစ်အင်ကိုပြုံးပြုံးပဲကြည့်နေလိုက်ကာကားကိုဂရုတစိုက်မောင်းနေခဲ့သည်။မနက်၅နာရီလောက်ထွက်ခဲ့တဲ့ခရီးက ည၇နာရီမှရောက်တော့သည်။
"မာမီ ရရဲ့လား"
"ရတယ် သား"
ကျောင်းရှေ့ရောက်နေပြီးမို့ ကားထားတဲ့နေရာမှာပဲရပ်လိုက်ကာ မာမီတို့အထုပ်နဲ့သူ့အထုပ်တွေကိုဓနပဲယူလာခဲ့လိုက်သည်။ကျောင်းဆောင်ပေါ်ရောက်တော့ဓနရော မာမီ ဒယ်ဒီတို့ပါ ဘုရားကိုကန်တော့လိုက်သည်။ခဏအကြာဘုန်းဘုန်းတစ်ပါးကြွလာပြီး နောက်မှာတော့ဒကာကြီးတစ်ယောက်ပါလာသည်။
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"