နေ့ခင်းမုန့်စားဆင်းချိန်ဆို သွင်ကမမဖြူတို့နဲ့အတူထမင်းစားသည်။
"ဗိုက်ဆာနေပြီး ဗိုက်ဆာနေပြီးဟ"
အောင်ဆန်းကဟိုဘက်အဆောင်ကနေဒီဘက်အဆောင်ကိုကူးတာကဗြောသောပါးပြေးလာပြီး မမဖြူအနားဝင်ထိုင်လိုက်၏။
"ဘာချက်လာကြတာလဲ"
"ပုစွန်ဆီပြန်ဟင်းနဲ့ လက်ဖက်သုပ်ရယ် ကြက်ဉကြော်ရယ် သီးစုံအချဉ်ဟင်းရယ် ဒါကသွင့်အတွက်ပါ ပါလာတယ်နော် အိမ်ကအဖေရယ်ထည့်ပေးလိုက်တာငါးဆင့်ချိုင့်ကြီးနဲ့"
"ဒီနေ့တော့ထမင်းစားမြိန်ပြီး"
"စားစား"
ချိုင့်ကြီးကြီးထဲထမင်းတွေကို သွင့်ကိုဖြူက ကမ်းပေးပြီး ခပ်စားလ်ုက်ကြသည်။ထိုစဉ်...
"သွင်"
"အဟွတ် အဟွတ်"
"ဟဲ့ ဖြည်းဖြည်း နင်ကုန်ပြီး ရေပေးဦး အောင်ဆန်း"
သွင် ထမင်းအားရပါးရစားနေတုန်း အနောက်ကနေခေါ်သံကြောင့် ထမင်းပင်သီးသွားသည်။ဒီအသံကိုသူသိပ်မှတ်မိနေပါပြီး။တသွင်တည်းသွက်နေလို့လေ။သွွင် ထမင်းနင်နေတော့မမဖြူက အောင်ဆန်းကိုရေပေးခိုင်းကာရေလာတိုက်တော့မှ သွင်သက်သာသွားသည်။
"ဘယ်လိုဖြစ်တာလဲ ကိုယ့်အသံကအဲ့လောက်ကြောက်စရာကောင်းနေလို့လား"
"ရုတ်တရက်ဆိုတော့လန့်သွားလို့ပါ ဘယ်လိုရောက်လာတာလဲ"
"ဟမ် ခြေထောက်နဲ့လေ"
"ဟင်း ဘယ်သူလိုက်ပို့တာလဲလို့"
"ငနိုင်နဲ့ပေစိလေ သူတို့လိုက်ပို့တာ"
"အခုသူတို့ကရော"
"မုန့်သွားဝယ်စားကြတယ်"
မနက်ကဒယ်ဒီ့ဆီလိုက်သွားပြီးကူလုပ်ပေးပြီးနောက် ပျင်းလာတာနဲ့ နေ့ခင်းမှာ သွင့်ဆီလိုက်ပို့ခိုင်းကာ ငနိုင်နဲ့ပေစိကိုမုန့်ဖိုးပေးလိုက်သည်။
"ဒီကို ဘာကိစ္စ"
"သွင့်ကိုလွမ်းလို့လေ"
"ဟမ်"2
"ဓန တော်တော့ ထမင်းလာစား လာ"
သွင်က ဓနပေါက်ကရတွေပြောလာတော့မည်မို့ အနားဆွဲခေါ်ကာထမင်းခေါ်စားလ်ုက်သည်။
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romantik"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"