Chapter 22 (uni)

1.1K 30 1
                                    

နောက်နေ့မနက်မှာတော့ သွင်က ရုံးအတွက်သင့်‌ေတာ်မဲ့အဝတ်လေးရွေးလာ၏။အပြင်ကုတ်တစ်ထပ်နဲ့အထဲက ကိုယ်ကျပ်လေးဖြစ်ကာ စကပ်ဒူး‌လောက်နားလေးကိုဝတ်ဆင်ထားပြီး ဆံပင်ခွေအလိပ်လေးတွေကိုဒီတိုင်းဖြန့်ချထားကာ ဒေါက်ဖိနပ်အမဲလေးကိုစီးပြီး ဓနနဲ့အတူလာခဲ့သည်။

"ကိုးကိုး"

"ဗျာ"

"သွင်ပြီးရင် မမလေးနွယ်တို့ဆီသွားဦးမှာနော်"

"အင်းအင်း ကလေးလေး ကိုကိုးအပေါ်အရင်တက်နှင့်မယ်နော်"

"ဟုတ် ကိုကိုး"

ဓန က ဒီမနက်meetingရှိတာကြောင့် လောနေရခြင်းဖြစ်သည်။ဓနအပေါ်ခပ်သွက်သွက်တက်ကာ ရုံးခန်းထဲဝင်သွားလိုက်သည်။

သွင်က ကိုကိုးရဲ့အတွင်းရေးမှူးတစ်ဖြစ်လည်း ကိုကိုးရဲ့ဇ‌နီးလောင်းလေးမလို့ အခွင့်အရေးအပြည့်အဝရနေပေမဲ့ သွင့်ဘာပဲကြိုးစားကာ ပညာပေးပါမည်။အာဏာတို့ဘာတို့ဆိုတာသွက်တို့မှာမလိုအပ်ဘူး ဟွင်းဟွင်း။

"မောနီးမမ‌ေလးနွယ်"

"မောနီး သွင်လေး ဒီနေ့အစောကြီးပဲရော"

"ဒါပေါ့မမရယ် တစ်စုံတစ်ချို့တွေကိုပညာပေးဖို့အစောကြီးရောက်လာရတာ"

"ခစ်ခစ်"

သုံးယောက်သားတွေ့တာနဲ့လေထိုင်ပေါနေတုန်း

"စောစောစီးစီး ဆူညံနေတာပဲ ဒါအများနဲ့နေရတာနော် မင်းတို့လူ့ကျင့်ဝတ်မသိကြဘူးလား"

"ဒါ ရုံးချိန်မှမဟုန်တာအမရဲ့ ဘာလို့လဲ"

သွင့်ထက်အသက်ကြီးလောက်မည်မို့ သွင်ကတလေးတစားနဲ့အမလို့ခေါ်ပေးလိုက်တော့ ထိုအမက သူ့နှုတ်ခမ်းတွေကိုမဲ့ရွဲ့ကာ

"ရုံးချိန်ဟုတ်ဟုတ်မဟုတ်ဟုတ် ငါကမဆူညံနဲ့ဆိုမဆူညံနဲ့ပေါ့"

"အမကဘာမို့လို့လဲ"

"တို့က ဒီကဝန်ထမ်းတွေရဲ့မန်နေဂျာမလို့ဘဲ"

"အင်း ဟုတ်ပြီလေ ဒါဆို ဂျာကြီးကစီမံတာမို့ ဂျာကြီးစည်းကမ်းပေါ့ဟုတ်လား"

"..........."

"ကျွန်မ မေးပါရစေ ရှင်ဒီကိုဘာရည်ရွယ်ချက်နဲ့ရောက်လာတာလဲ"

My bad boyfriend is  "Boss"(Complete)Where stories live. Discover now