အဲ့နေ့ကသွင်ကစားသောက်ပြီး ဓနကငွေရှင်းပြီးတဲ့အထိသွင်ကဓနကိုစကားပြောမလာချေ။အကြီးအကျယ်ကိုစိတ်ကောက်နေပြီးဖြစ်မှန်းဓနသိလိုက်၏။ဘယ်လိုလိုက်ချော့ချော့မရတော့သည်ကြောင့် သွင်တို့ပြန်သွားတာကိုသာသူ့မှာကြည့်နေခဲ့ရသည်။
ဖုန်းဆက်တော့လည်းမက်ုင် စာပို့တော့လည်းစာမကြည့်တော့သလို သူ့ကိုဉပေက္ခာပြုလေပြီး။ဓန ရင်တွေတုန်ကာ သွင်နဲ့ခွဲခွာရမဲ့အခြေအနေက်ုစိတ်ကူးတောင်မယဉ်ဖူးပေ။သွင့်ကိုရအောင်ခေျာ့မည်မို့ သွင်စိတ်ဆိုးပြေဖို့သူဘာမဆိုလုပ်ပေးပါမည်။
ဓနရုံးထိုင်ခုံကနေထကာ မင်းသန့်ကိုတာဝန်တွေခဏလွဲခဲ့ပေးပြီး သူကတော့ကားသော့ယူကာဖုန်းနဲ့ပိုက်ဆံအိတ်တွေကဒ်တခ်ျု့ပါယူသွားလိုက်သည်။မနက်8နာရီကနေသွားလိုက်တာ ည9နာရီလောက်မှရောက်တော့ သွင်တို့ရွာလေးက မီးတွေမှိတ်ကာလူခြေတိတ်နေပြီးမို့သွင်လည်းအိပ်နေလောက်ပြီးထင်ပါသည်။ဓနဖုန်းထုတ်ကာ သွင့်ကိုဖုန်းဆက်ခေါ်လိုက်သည်။
"တူးးတူးးတူးး"
ဖုန်းကဝင်ရဲ့သားနဲ့မကိုင်တာကြောင့် ဓနသွင့်အိမ်တံခါးလေးကိုခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်"
"ကလေးလေးရေ က်ုကိုးပါ တံခါးဖွင့်ဦး ကိုကိုးထပ်ရှင်းပြပါရစေ"
"ကလေးရေ ထပါဦးကွာ ကိုယ်ရောက်လာပြီး ကိုယ်သွင့်အနားရောက်လာပြီလို့"
သွင် အိပ်ပျော်နေရာကနေ နားထဲကတစ်ယောက်ယောက်ရဲ့အသံကိုရော တံခါးကိုထုသံတွေပါကြားရတာမို့ သွင်အိပ်ယာကထလိုက်ကာ တံခါးနားကပ်ကာနားထောင်လိုက်တော့ ဓနဖြစ်နေ၏။ကိုကိုးကဘယ်လိုဖြစ်လို့
"ကလေးလေး တံခါး....."
"ကျွီ"
သွင်တံခါးဖွင့်တာနဲ့ ဓနက သွင့်ကိုပြေးဖက်ကာ လည်တိုင်လေးကိုနမ်းရှိုက်လိုက်သည်။
"အွင်း အင့် နေဦး"
"အွန်း နေဦးလို့ အရမ်းပဲ ဘယ်လိုဖြစ်တာလဲ"
သူဖက်ထားတာကိုအတင်းရုန်းထွက်ကာသွင်ကမေးလာတာမို့ ဓနက
"ကလေးလေးကို ကိုကိုးရှင်းပြဖို့ရောက်လာတာလေကွာ ဟင်"
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romansa"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"