Chapter 20 (uni) warning

1.9K 50 2
                                    

သွင် ထွက်သွားတာကို ဓနလိုက်ကြည့်နေမိပေမဲ့ မခေါ်မိပေ။မာမီနဲ့ဒယ်ဒီကိုသာပိုတိုးဖက်ထားလိုက်ပြီး ငြိမ်သက်နေလိုက်၏ယခဏအကြာတော့ ဒယ်ဒီနဲ့မာမီကသူ့ကိုလဲအိပ်စေကာ အစာကကျွေးဖို့ ဆောင်‌ရန်ရှောင်ရန်တွေကို သွား‌မေးမယ်ဆိုကာထွက်သွားသည်။

ဒေါ်မေရှင်းတို့ အပြင်ငိုထွက်လာတော့ ခုံပေါ်မှာထိုင်ကာငိုနေတဲ့သွင့်ကိုတွေ့လိုက်ရသည်။

"သမီးလေး ဘာဖြစ်လို့လဲဟင် ဘာဖြစ်တာလဲ မာမီ့ကိုပြောစမ်း"

"ဟင့် သွင် သွင်ဝန်ခံစရာရှိပါတယ်မာမီ"

".........."

ထို့နောက်သုံးယောက်သား ဓနအခန်းနဲ့ဝေးတဲ့နေရာက ဆေးရုံရဲ့ ပန်းဉယျာဉ်လေးမှာစကားထိုင်ပြောဖြစ်ကြ၏။

"တကယ်တော့ ဓနဒီလိုဖြစ်သွားရျာသွင်ကြောင့်ပါမာမီ"

"ဟင်"

"ဘယ်လို"

"ဟုတ်ပါတယ် သွင်အစကပြောပြဖို့တွေးထားပေမဲ့ သွင့်ကိုဓနနားမနေခိုင်းတော့မှာစိုးလို့ သွင်မပြောပြခဲ့သေးျာပါမာမီ အခုသွင်အဆင်သင့်ဖြစ်ပါပြီး ဟင့်"

ရှိုက်သံတစ်ဝက်နဲ့ပြောလာသော သမီးလေးကိုကြည့်ကာဒေါ်မေရှင်း ရင်တုန်ပန်းတုန်ရှိလှ၏။

"ဘာများလဲသမီးရယ် သားကဘယ်လိုဖြစ်ခဲ့တာလဲဟင်"

ဦ်းချမ်းသာကတော့ဝင်မပြောပေမဲ့ငြိမ်ကာနားထောင်နေပြီး ထိုင်ခုံပေါ်ထိုင်ကာလက်ကလေးပိုက်ထားသည်။

"သွင်တို့ ရန်ဖြစ်ခဲ့ကြပါတယ်မာမီ"

"ဟင်"2

"သွင်ကဓနကိုအဆက်အသွယ်မလုပ်ပဲနေတော့ ဓနကသွင်ရှိရာက်ုလာပြီး လာချော့တာပါ ညကြီးမိုးချုပ်ရောက်လာလို့ သွင်က စိတ်ပူစိတ်နဲ့ ဟင့် အီး....."

"သွင်တကယ်ဓနကိုစိတ်ပူလို့ အော်ဟစ်ပြောရင်း ပြဿနာတွေကြီးသွားခဲ့တာပါမာမီ အဲ့နေ့ကသာ ဓနက်ုကောင်းကောင်းမွန်မွန်ပြောဆိုပေးခဲ့ရင်ဒါတွေဖြစ်လာမှာမဟုတ်ပါဘူး သွင် တောင်းပန်ပါတယ် မာမီ ဟင့်"

"သမီးရယ်"

ဒေါ်မေရှင်းအခုမှအကြောင်းစုံသိရကာရိပ်မိလာသလ်ုရှိရ၏။

My bad boyfriend is  "Boss"(Complete)Where stories live. Discover now