သာယာအေးချမ်းတဲ့မနက်ခင်းလေးမှာတော့ သွင်နဲ့ဓနတို့အတူတူနှိုးထလာကာမနက်ခင်းနေရောင်ခြည်လေးကိုအတူတူခံယူကြ၏။မုန်တိုင်းလာပြီး လေပြေလာစမြဲမို့ သွင်တို့ချစ်ခြင်းတွေကခက်ထန်ခဲ့ပြီးနောက် ပြန်လည်အေးချမ်းသွားခဲ့ကာ တွဲလက်တွေခိုင်မြဲပြီးနားလည်မှုနဲ့ရှေ့ဆက်ကြမှာဖြစ်သည်။
"သွင် ကလေးလေး"
"ရှင် ကိုကိုး"
"ဒီနေ့ ကိုကိုးနဲ့ရုံးလိုက်မှာလား"
"ဟုတ် ကိုကိုး သွင်လိုက်မှာ"
"ဒါဆို သွားပြင်တော့ ကိုကိုးမနက်စာအရင်ပြင်ထားလိုက်တယ်"
"ချစ်တယ် မွ"
သွင်အပေါ်ထပ်မတက်ခင် ဓနကိုမေယနီးကစ်ပေးလိုက်သည်။ပြီးမှပြင်ဆင်ဖို့အပေါ်တက်ခဲ့တော့၏။
ဓန ဆေးရုံမှာနှစ်ပတ်လောက်ဆက်နေလ်ုက်ပြီး အိမ်ကိုပြန်လာခဲ့ကြတော့ မာမီနဲ့ဒယ်ဒီကသူ့သားသမီးတွေက အဆင်ပြေကာ ကျန်းကျန်းမာမာရှိနေပြီးမို့ တရားစခန်းဝင်ချင်သည်ဟုဆိုကာ ထွက်သွားကြသည်မှာတစ်ပတ်ပင်ရှိနေလေပြီး။ကုမ္မဏီကို ဓနကတာဝန်ယူရပြီး မာမီ့ပိုးထည်ဆိုင်ကိုတော့သွင်ကတာဝန်ယူပေးရသည်။
အစကသိပ်နားမလည်ပေမဲ့ မာမီကရှင်းပြသင်ပြပေးတာမို့ တတ်မြောက်သွားသည်။သွင်တို့ကလက်မထပ်ရသေးပဲအတူနေကြတာမို့ အများအမြင်မှာတမျိုးတော့ဖြစ်မနေအောင် ဓနကသွင့်ကိုဆိုင်လာကြိုတဲ့အခါ ဒါမှမဟုတ် ဓနရုံးခန်းကိုသွင်လိုက်သွားတဲ့အခါ သွင်ကဓနကို Bossဟုပဲခေါ်သည်။
ဓနကမခေါ်ခိုင်းသော်လည်းအလုပ်မှာ ကိုကိုးကိုလေးစားသမှုပြချင်တာမို့ ရုံးစည်းကမ်းအိမ်စည်းကမ်းသွင်ကထားတာဟုပြောမှ ဓနဆက်မပြောတော့ပဲလက်ခံလိုက်ရသည်။
"ပြီးပြီး ကိုကိုး မနက်စာစားရအောင်လေ"
"အင်း သိပ်လှနေတယ်ကောင်မလေး"
"အို"
ကိုကိုးကသွင့်ကို ခါးကနေဆွဲပွေ့ကာ စားပွဲခုံဆီပေါ်လာပေး၏။ပြီးနောက်လက်နှစ်ဖက်ထောက်ကာသွင့်ကိုစိုက်ကြည့်နေပြီး မျက်နှာနှစ်ခုကနီးကပ်လာ၏။
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romansa"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"