စာမေးပွဲလည်းဖြေပြီးလို့ အမှတ်တွေအဆင့်တွေသိရပြီးပြီး။ေကျာင်းငါးရက်ပိတ်တာမို့သွင်တို့အကြိုက်လည်လို့ရပြီး။ဓနက အဆင့်၁ ရကာ သွင်ကတော့၂တဲ့။ဘယ်လိုပြောပြောအားနည်းတဲ့ဘာသာကိုမကျအောင်ဖြေနိုင်သွားတာပဲကံကောင်းလှနေပြီး။ညနေကျောင်းကပြန်ရောက်တာနဲ့ မေမေရှိရာဈေးထဲကို သွင် အရင်သွားလိုက်သည်။
"မေမေ"
"ရှင် သမီးရေ"
"သွင် အဆင့်၂ရတယ်"
"ဟယ် ပြပါဦး"
သွင် ယူလာတဲ့ရီပို့ကဒ်ကို ပန်းမှုံသေချာကြည့်လ်ုက်သည်။အမှတ်တွေကောင်းတာမို့ ပန်းမှုံကျေနပ်သွားရ၏။ပေးနိုင်တာဘာမှမရှိတာမို့ သမီးလေးကပညာရေးကိုကောင်းကောင်းသင်ယူနေတော့ ပန်းမှုံအားပြည့်ရသည်။
"တော်လိုက်တာကွယ်"
"ဟီး"
"သမီးကိုစာရှင်းပြပေးတဲ့ သားလေးကရော"
"သူကဆယ်တန်းလေမမ အခန်းထဲမှာအဆင့်၁တဲ့"
"ဟယ် တော်လိုက်ကြတာကွယ်"
ပန်းမှုံ သူတို့လေးတွေအတွက် ဂုဏ်ယူစွာဖြင့်မုန့်ဖိုးငါးထောင်ပေးလ်ုက်ကာ နှစ်ယောက်အိူတူစားချင်တာတယ်စားကြဖို့ပြောလိုက်သည်။သွင်ဈေးထိပ်ပြန်ရောက်လာတော့လည်း ဓနက ရပ်စောင့်နေဆဲမို့။
"အဟမ်း"
"ဘာတဲ့လဲ သွင်"
"ဒါ ဒါ့ ဒါးးး"
သွင့်လက်ထဲပိုက်ဆံငါးထောင်ပြလိုက်တော့ ဓနက
"မုန့်ဖိုးရလာတာပေါ့လေ တစ်ယောက်တစ်ဝက်နော် ဟမ့်"
"ဆုတောင်းလေ ဒီညအဝကြိတ်မှာသွင်က"
"ဟ မရဘူးလေ ဒေါ်ဒေါ်ကတူတူစားဖို့ပြောမှာပဲကို "
"ဒါကျသိ"
"အဟွန်း သွားကြစို့"
ဒေါ်နန်းလမ်းထိပ်မှာ အရမ်းစားလို့ကောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတာမို့ သွင်ရောဓနရောအဲ့မှာဘဲလာလာစားဖြစ်ကြသည်။
"ဘာစားမလဲ သွင်"
"အမ် သဘေင်္ာသီးထောင်းရယ် ကြက်ကင်နှစ်ချောင်းနဲ့ ကြက်ပင်စိမ်းတစ်ပွဲ"
YOU ARE READING
My bad boyfriend is "Boss"(Complete)
Любовные романы"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"