မဂ်လာဝတ်စုံအတွက်တစ်မိသားစုလုံးဆိုင်ကိုရောက်ရှိလာကြပြီး ချုပ်ဖို့ပိတ်စရွေးနေတာဖြစ်သည်။သွင်က ရွှေရောင်နဲ့အဖြူလေးကြိုက်တာမို့ အကုန်လုံးကသွင့်သဘောအတိုင်းရွေးကာယူကြသည်။မဂ်ဂ်လာဝတ်စုံအတွက်ဆိုင်မှာအပ်ခဲ့ပြီးနောက် မာမီနဲ့ဒယ်ဒီ သွင်နဲ့ဓနတို့ကားနှစ်စီးဟာ နာမည်ကြီးတဲ့ကော်ဖီဆိုင်မှာထိုင်ကာနေ့လည်စာဝင်စားဖြစ်ခဲ့၏။
ဆိုင်ရဲ့အပြင်အဆင်လေးကလှနေကာ အထဲမှာအေးစိမ့်နေ၏။သွင်က မာမီ့လက်ကိုတွဲကာ အလယ်နားကဝိုင်းလေးမှာနေရာယူလ်ုက်သည်။စားစရာသောက်စရာများမှာကြပြီးနောက် စားသောက်ရင်းစကားပြောဖြစ်ကြသည်။
"သမီးလေး"
"ရှင် မာမီ"
"ဒါက သမီး မဂ်လာနေ့ကျဝတ်ဖို့ ရွှေတစ်ဆင်စာ"
ကတ္တီပါဘူးကြီးထဲက တလက်လက်ေတာက်နေတဲ့ ရွှေတွေက်ုကြည့်ကာ သွင် မာမီတို့ကိုအားနာသွားရသည်။
"သွင်ဒါတော့လက်မခံပါရစေနဲ့မာမီရယ် တန်ဖိုးကြီးလွန်းပါတယ်"
"မဟုတ်တာကွယ် မာမီကအဲ့နေ့ကျမာမီ့သမီးကိုဒါလေးနဲ့ဆင်ပေးမှာလေး အဟင်း"
ဒေါ်မေရှင်းက ရွှေလည်ဆွဲလေးကိုထိတွေ့ကာပွတ်သပ်ရင်းပြောနေ၏။ထ်ုအခါဦးချမ်းသာက
"သမီးမာမီကသမီးရူးလေးရေ ဒယ်ဒီတို့မှာ သမီးမရှိတော့သူ့မှာသူနဲ့အတူလှပေးမဲ့သမီးမရှိတော့ ဆင်လို့မရခဲ့တာ အခုသမီးနဲ့ကျမှ ဆင်လို့ရသလောက်ပေးလ့ိုရသမျှကိုပေးချင်တာသမီးရေ"
ဦးချမ်းသာရှင်းပြတော့ သွင်ကမာမီ့ကိုကြည့်လိုက်သည်။မာမီကပြုံးကာသွင့်ကိုကြည့်နေတာမို့
"သွင်နားလည်ပါပြီး ဒယ်ဒီ "
သွင် မာမီကမ်းလာပေးတဲ့ ရွှေတစ်ဆင်စာဘူးလေးကိုယူလိုက်ကာဖွင့်ကြည့်လိုက်သည်။
"သဘောကျရဲ့လားသမီးလေး"
"မာမီတို့ပေးတာမလ့်ု သွင်သဘောကျတာထက်ကိုပိုပါတယ်မာမီ"
ဒေါ်မေရှင်း ခေါင်းတဆက်ဆက်ငြိမ့်ကာ သွင့်လက်ကလေးကိုဖွဖွလေးဆုပ်ကိုင်ပေးရှာ၏။အမေ့ရင်ခွင်မဲ့ငယ်ငယ်ကတည်းက ဝေးခဲ့ရသူမို့ မိသားစုတစ်ဘဝထူထောင်ချိန်မှာလည်းသေချာပေါက် သူမအမေကိုသတိရနေမှာပဲလေ။လိမ္မာရေးခြားရှိပြီး သိတတ်တဲ့သမီးအလိမ္မာလေးမွေးထုတ်ပေးတဲ့ သွင့်မေမေကိုကျေးဇူးတင်ရသလို ချွေးမတဖြင့်လည်းသမီးအရင်းကဲ့သို့ချစ်မြတ်နိုးရပါသည်။
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"