ဒီနေ့ကဓနတို့ကုမ္မဏီရုံးပိတ်ရက်မို့ သားမဖနှစ်ယောက်မျက်နှာချင်းဆိုင်ကာ စကားစမြည်ပြောဖြစ်ကြသည်။သွင်နဲ့မာမီကshoppingထွက်သွားတာမို့ အိမ်တွင်မရှိချေ။
"သား"
"ဗျာ ဒယ်ဒီ"
"လုပ်ငန်းကိစ္စ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်ဒယ်ဒီ "
"အင်း အကယ်၍ လိုအပ်တာရှိရင်လဲပြောလေကွာ အားမနာပါနဲ့သားအဖချင်းပဲကို"
"ဟုတ် ဒယ်ဒီ"
ဒယ်ဒီက မဂ္ဂဇင်းဖတ်နေကာ ဓနက ကော်ဖီထိုင်သောက်နေတာဖြစ်၏။
"ဒါနဲ့ သား လဝန်းမေနဲ့ရောအဆက်အသွယ်ပြန်ရရဲ့လား"
"သူတို့နဲ့က ကိစ္စပြီးကတည်းကမဆက်သွယ်ဖြစ်တော့တာပါ ဒယ်ဒီ"
"အင်း အရှုပ်အရှင်းကင်းအောင်နေတော့သားရာ မင်းမှာလက်ထပ်ရမဲ့သူလည်းရှိလာပြီးကွ"
"နေနေပါတယ်ဒယ်ဒီရာ ကျွန်တော်သွင်ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားမှာပါ"
ဒယ်ဒီကခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံကာ ဖတ်လက်စမဂ္ဂဇင်းဆီအကြည့်ပြန်ရောက်သွားတော့ ဓနက အေးတော့မည့်လက်ဖက်ရည်နွေးနွေးလေးကိုတစ်ငုံမော့သောက်လိုက်သည်။
လွန်ခဲ့သောလက...
အဲ့နေ့ကလဝန်းမေရဲ့အပြုအမူကြောင့်ဆိုင်မှာရုတ်ရုတ်သဲသဲဖြစ်သွားပြီး လဝန်းမေတို့ကုမ္မဏီနဲ့ ဓနတို့ကုမ္မဏီနှစ်ခု စကားပြောကြရသေးသည်။
"မောင်ဓန ဘယ်လိုလုပ်လိုက်တာလဲကွာ"
ဦးနေဗလက ဓနကိုစိတ်ပျက်တဲ့လေသံနဲ့ပြောလာတာမို့ ဓနကလည်း
"ကျွန်တော်ဘာလုပ်လို့လဲ အန်ကယ်"
"မင်းနဲ့ အန်ကယ့်သမီးကိစ္စပေါ့ကွ ဘာကိစ္စရှိရမလဲ"
"ဒါဆို ကျွန်တော့်ဘက်ကပြောပါမယ် အန်ကယ့်သမီးနဲ့ကျွန်တော်ကဘာမှမပက်သက်ဖူးပါဘူး မယုံရင်ပြန်မေးကြည့်ပါ သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကဘာအခြေအနေမှကိုမဖြစ်ခဲ့တာပါ"
ဓနပြန်ဖြေသံကြားတော့ဦးနေဗလက အံကြိတ်ကာ ဓနကိုလက်ညိုးထိုးကာ
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"