သွင်တို့လက်ထပ်ပြီးတစ်နှစ်အကြာမှာတော့သမီးဦးလေးမွေးကာ "ပန်းဦးရှင်"ဟူသော ချစ်ဖို့ကောင်းတဲ့သမီးလေးကိုရရှိခဲ့သည်။တစ်အိမ်လုံးရဲ့ဆည်းလည်းသံလေးက မနက်စောစောထကာ အော်ငိုတတ်ပြီးတစ်အိမ်လုံးနှိုးပြီးဆို သူကနှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်နေတတ်သည်။ဒယ်ဒီကတော့ပြောရှာ၏။
"ငါ့မြေးကတော့ကွာ တစ်အိမ်လုံးလိုက်နှိုးပြီး သူ့ကျပြန်အိပ်နေတာ ဖင်ကလေးကိုထောင်လို့ တစ်ကယ့်အလိမ္မာတုံးကြီးပါကွာ"
"ဟုတ်ပါ့ ကျွန်မတို့မြေးက အပျင်းကြီးနေတဲ့သူတွေကိုအစောကြီးထပြီးနှိုးရရှာတော့ပင်ပန်းသွားလောက်ပြပြီးလေ ဟုတ်တယ်မလားသမီးလေး"
မာမီတို့စကားဝိုင်းထဲသွင့်ကိုပါဆွဲထည့်ကာအပါခေါ်တတ်ကြသည်။ဓနကခုနောက်ပိုင်း အလုပ်တွေပိုကြိုးစားပြီး ပိုပြီးစည်းကမ်းကြီးတဲ့ လုပ်ငန်းရှင်သူဠေးကြီးဖြစ်နေပေပြီး။ကုမ္မဏီကိုစောစောသွားကာ ညနေဘက်လည်း စောစောပြန်လာတတ်၏။အကြောင်းကတော့ မိန်းမကိုမပင်ပန်းစေချင်လို့ဟုဆိုကာ ကလေးပြန်လာထိန်းပေးတတ်သည်။ဘကုမ္မဏီမှာဘယ်လောက်ပဲပြဿနာတွေရှိရှိ/ဘယ်လိုပဲအဆင်မပြေပါစေ အိမ်ပြန်လာရင် မိန်းမနဲ့သမီးရဲ့မျက်နှာလေးကိုမြင်ရင် အပူတွေငြိမ်းသွားပြီးဟု ဓနကတဖွဖွပြောနေတတ်၏။
အခု သမီးလေးနဲ့ကိုကိုးအကြောင်းအတင်းထိုင်တုတ်နေတာတောင် ကိုကိုးနဲ့သမီးလေးကအိပ်ယာထက်ကအိပ်နေတုန်းပင်။သမီးလေးကြောင့်တစ်အိမ်လုံးနှိုးနေပေမဲ့ သူ့အဖေကတော့အိပ်ပုပ်ကြီးစွာသမီးလေးနဲ့အတူပြန်အိပ်နေသည်။
"မာမီ ကော်ဖီပဲလားဟင် ဒယ်ဒီရော"
"ဒီမနက်တော့ မုန့်ဟင်းခါးပူပူလေးစားချင်တာကွယ် ကော်ဖီကတော့သမီးယောက်ျားပဲသောက်ပါရစေ မာမီတို့ကမုန့်ဟင်းခါးပဲနော် ဖေကြီး"
"အင်းအင်း ဒယ်ဒီရော မုန့်ဟင်းခါးပဲစားမယ်"
မနက်စာဝိုင်းအတွက်အဆင်သင့်ပြင်ဆင်ပြီး သွင်ကမာမီနဲ့ဒယ်ဒီအတွက်အရင်ခူးခပ်ပေးရသည်။အိမ်ထောင်ကျပြီးနောက်ပိုင်း သွင်ကလေးတစ်ယောက်ရသည်အထိမပင်ပန်းပေ။မနက်အစောကြီး၄နာရီလောက်ထကာ ဆွမ်းလောင်း ဆွမ်းကပ်ပြီး ကြီးကြီးမြနဲ့အတူပြင်ဆင်သည်ယဓနကမလုပ်ခိုင်းပေမဲ့ သွင်လုပ်ပေးချင်တာမို့ခွင့်ပြုထားပေ၏။
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"