ဓနရဲ့သတင်းကိုတွေ့ပြီးပြီးချင်း ဘယ်လိုမှနှစ်သိမ့်လို့မရပဲ ငိုမြဲငိုနေတဲ့သွင့်ကို မမဖြူနဲ့အောင်ဆန်းက ဘယ်လိုကူညီရမလဲမသိတေ့ာ့ချေ။ဘာတွေဘယ်လိုဖြစ်သွားလ်သိရလောက်အောင်ကို ကံကြမ္မာအပြောင်းအလဲကမြန်လွန်းနေ၏။
"စိတ်ထိန်းပါသွင် ဓနအဆင်ပြေလောက်မှာပါ"
"အများကြီးငိုမနေနဲ့ပင်ပန်းနေမယ် သွားတွေ့ချင်လားဟင် ဓနဆီသွားတွေ့ချင်လား ငါ့ဦးလေးကားကိုခေါ်ထားပေးမယ် အိုး ရှုပ်ပါတယ် တို့တွေပါလိုက်မယ်"
အောင်ဆန်းကပြောပြောဆိုဆ်ု ဖုန်းကိုထုတ်ကာသူ့ဦးလေးဆီဆက်တော့သည်။သွင်ကတော့ဘာမှမတွေးနိုင်တော့လောက်အောင်ပင်ပန်းနေတာမို့ မမဖြူက ရှူဆေးလေးပေးထားသည်။
"ဘယ်လိုလဲရလား"
"ရတယ် မမဖြူ ဒါဆို ကျွန်တော် ရောမကြီးရုံးခန်းခဏပြေးဦးမယ်နော်မမဖြူ"
"အေအေ"
အောင်ဆန်းဆရာမကြီးပြေးကာ အကျိုးအကြောင်းပြောပြပြီး မမဖြူ သွင်တို့နဲ့အတူ အကိုဓနရှိရာမြို့ကဆေးရုံကိုလာခဲ့ကြသည်။
Ringtone....
သွင့်ဖုန်းမြည်လာတာမို့ မှတ်ထားတဲ့နာမည်လေးကိုကြည့်လိုက်တော့ "ဓန"တဲ့။သွင်ဝမ်းသာအားရစိတ်နဲ့ဖုန်းကိုင်ကာ
"ဓန ဓနလား"
ဖုန်းစစကိုင်ချင်းပင် ဓနလားလို့တရစပ်မေးလာသောအသံကြောင့် မင်းသန့်သိလိုက်သည်။ဒါBossရဲ့ချစ်သူပဲ။တစ်နည်းအားဖြင့် boss ပြောတဲ့ စေ့စပ်ထားတဲ့သူ။
"Bossမဟုတ်ပါဘူးမမလေး bossကအထူးကုသမှုအဆောင်မှာပါဗျ သူ့ဖုန်းက ပါဝါပိတ်နေလို့ ကျွန်တော်ပြန်ဖွင့်ပြီး miss callတွေ့လို့ ပြန်ဆက်သွယ်ပေးတာပါ"
"ဟင် ဒါဆို ဓနက သက်သာရဲ့လား အခြေအနေဘယ်လိုလဲ"
"လူကိုယ်တိုင်လာတွေ့လှည့်ပါမမလေး"
မင်းသန့်အဲ့လောက်ပဲပြောကာဖုန်းချလိုက်သည်။သူ့bossဘက်ကနေကြည့်ရင် bossက မမလေးနဲ့မှတွေ့မှပဲတပြုံးပြုံးတရယ်ရယ်ဖြစ်ကာ ပျော်ရွှင်မြူးတူးတက်ကြွနေတတ်သည်။အဲ့နေ့ နေ့လည်ပိုင်းကထွက်သွားပြီးနောက်ပြန်လာတေ့ာbossကမျက်နှာတွေပျက်ကာဖုန်းကိုသာကိုင်ထားပြီး ဆက်လိုက် တောက်ခေါက်လိုက်ဖြစ်နေတာအခေါက်ပေါင်းမနည်း။မနေ့ကမှအပြင်သွားမယ်ဆိုပြီး ခုလိုဖြစ်လာတာကိုကြည့်ခြင်းအားဖြင့် မမလေးနဲ့အခြေအတင်ဖြစ်ခဲ့ပုံရပါသည်။
YOU ARE READING
My bad boyfriend is "Boss"(Complete)
Romance"ချစ်ရဲ့လား သွင်" "မချစ်ဘူး လူဆိုးကောင်"