Chapter 16 (uni)

1K 35 1
                                    

ဒီနေ့ဓနတို့ပြန်ရမဲ့ရက်ဖြစ်သည်။ဒီရွာကိုသုံးရက်ပဲတရားနာအတွက်လုပ်ထားတာမို့ ဒီနေ့ပြန်ကြရတော့မည်။အလုပ်ကိစ္စသာမရှိရင် ဓနတို့နေရင်နေခဲ့ဦးမှာ။အခုကျ အတွင်းရေးမှူးတစ်ယောက်တည်းနဲ့တင်မနိုင်နိုင်သလို မာမီ့ပိုးထည်လုပ်ငန်းလေးကလည်းအောင်မြင်နေတာမို့ ပြန်ကြီးကြပ်ရဦးမည်။ဒယ်ဒီလည်းရပ်ဝေးမသွားတော့ပေမဲ့ ရသလောက်တော့ ဆောက်လုပ်ရေးဘက်ကိုပြေးပြေးကြည့်ရဦးမည်။

ဓနတို့မနက်စောစောပြင်ဆင်ကာ အပြန်မှာတော့အေးဆေးပဲပြန်ကြပေမည်။

"အရှင်ဘုရား တပည့်တော်မတို့ပြန်ပါဦးမယ်ဘုရား"

"အေးကွယ် ဒကာကြီးဒကာမကြီးတို့ ပြုလုပ်တဲ့အလှူအောင်အောင်မြင်မြင်နဲ့စည်စည်ကားကားလေးဖြစ်ခဲ့လ်ု့ဘုန်းဘုန်းကဂုဏ်ယူဝမ်းမြောက်ပါတယ်ကွယ် စီးပွားရေး လာဒ်လာဘအဆင်ပြေပြီး အလှူအတန်းတွေအများကြီးဆက်လုပ်နိုင်ပါစေ ဒကာ/ဒကာမကြီးတို့"

"ပေးတဲ့ဆုနဲ့ပြည့်ပါရစေအရှင်ဘုရား"

" သာဓု သာဓု သာဓု"

ဦးလူနီတို့မိသားစုက ဘုန်းဘုန်းဘုရားက်ုကန်တော့ပြီးတာနဲ့ပြန်နှင့်ပြီးဖြစ်သည်။ဓနတို့ကတော့နှုတ်ဆက်ရမဲ့သူတွေရှိသေးတာမို့ ကျောင်းအောက်ကိုဆင်းလာတော့ ကျောင်းရှေ့မှာရပ်စောင်နေတဲ့ သွင့်ကိုတွေ့လိုက်ရသည်။ဓနန လမ်းခပ်သွက်သွက်လျှောက်ကာကျောင်းရှေ့ကိုလာခဲ့သည်။
မာမီတို့ကတော့ကျောင်းမှာပဲနားကြဦးမည်။

"သွင်"

"ရှင်"

"ကိုယ်နဲ့စကားအေးဆေးသွားပြောရအောင်နော်"

"ဟုတ်"

ဓနတို့ဒီနေ့ပြန်ရတော့မှာမို့ သွင်က ကျောင်းကနေတရက်ခွင့်ယူလိုက်သည်။ဓနဆွဲခေါ်ရာနောက် သွင်ပါလာခဲ့ပြီးနောက် သစ်ပင်ရိပ်တစ်နေရာမှာရပ်လိုက်ကာ သွင့်ပုခုံးလေးကိုဓနဆုပ်ကိုင်လိုက်သည်။

"ကိုယ်နဲ့ပြန်မလိုက်ဘူးလား သွင်"

"လိုက်လို့မရဘူးလေ ဓန ကလေးတွေမှကျောင်းမပြီးသေးတာ ကျောင်းကြီးပိတ်ရင်တော့တမျိုးပေါ့"

My bad boyfriend is  "Boss"(Complete)Where stories live. Discover now