02

391 42 20
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂

|02|

သူနှင့် Gyuvin သည် undercover agent တွေ ဖြစ်သည်။ သို့သော် တခြားအဓိပ္ပါယ်ဖြင့် under cover ဖြစ်နေသော ဒီ နီနီဖူးဖူး အလုံးလေးတွေကို သူ သွားရည်ကျနေသည့်အခါ --- Shim Ricky သည် ဒီအတိုင်း ~ ချစ်စရာ အိပ်မက်တိုင်းပြည်က ကြောင်မင်းသမီးလေး။ ဒါကြောင့် Gyuvin သည် သူ့ခေါင်းပေါ်မှာ လျော့တိလျော့ရဲ ဖြစ်နေသည့် trapper hat ကို နားရွက်ဖားအစွန်းနှစ်ဖက် ဆွဲချပေးပြီး နေသားတကျ သေချာပြန်ဆောင်းပေးရသည်။

ကလေးတွေနှင့်အတူ ပြေးလွှားရင်းမှာ သူသည် ခန္ဓာကိုယ်အနွေးဓာတ်ကို လိုက်ရှာနေခဲ့သလို။ သို့သော်လည်း တွေ့ပုံတော့မရ။

အေးလွန်းသဖြင့် လှုပ်စိလှုပ်စိလုပ်နေသည့် သေးသည်မဆိုသာသော သူ့ခေါင်းလေးသည် Gyuvin ၏ ကြီးမားသော လက်ဖဝါးအစုံကြားမှာ မျက်ရည်အိတ်လှလှတွေ ရှိသည့် နီစွေးသော မျက်လုံးကြီးကြီးလေးတွေကို ပြူးလိုက် မှေးလိုက် အလုပ်များနေသည်။

"အအေးလည်း မခံနိုင်ဘဲနဲ့များ Russia လိုက်လာရတယ်လို့ကွာ"

Gyuvin ကို သူသည် မျက်စောင်းထိုးသည်။ ဘယ်လိုယောင်္ကျားမျိုးက ဒီလောက် အနုသုခုမမြောက်အောင် သိမ်မွေ့လှပစွာ မျက်စောင်းချွေတတ်ဦးမည်နည်း.. Gyuvin မပြောတတ်သော်လည်း အခန်းအပူချိန် 23° မှာပင် စောင်ခြုံကွေးတတ်သည့် Shim Ricky သည် -9°celsius ယနေ့ အအေးဒဏ်ကိုဖြင့် နှုတ်ကနေပင် မညည်းညူနိုင်တော့ဘဲ လက်သီးကပဲ Gyuvin ရင်ဘတ်ကို မချင့်မရဲ လှမ်းထိုးသည်။ လက်အိတ်ဝတ်ထားရင်းမှာ တုန်ယင်နေသည့် လက်သီးဆုတ်လေးတွေကို ဖမ်းယူပြီး အာငွေ့ပေးချင်မိသည့် စိတ်ဆန္ဒကြောင့် ရင်မှာ 30 million kelvins အပူချိန်နှင့် တောက်လောင်နေရသော်လည်း Gyuvin မလုပ်ဖြစ်။

ဒါ ချစ်သူရည်စားကိုပဲ လုပ်ပေးသင့်သည့် အရာမဟုတ်လား။

အသက်ရှင်လျက် နှင်းတောင်ပေါ်ကနေ လွတ်မြောက်နိုင်ပါက Ricky ကို ဖွင့်ပြောမည်.. လို့ နတ်ဘုရားတွေထံမှာ တိုင်တည်ပြီးပါမှ အခုတော့ မလုပ်ရဲ။ ပင်လယ်ဓါးပြများ၏ ဖမ်းဆီးနှိပ်စက်မှုကို ခံရစဥ်ကပင် ချွေးတစက်မပြန်ဖူးသည့် Gyuvin သည် သူ့ကို စကားစရမည့်အရေးမှာ ဟစ်တလာရဲ့ နှုတ်ခမ်းမွေးသာ ပြေးဆွဲချင်၏။ အာခြောက်သလိုလို၊ ရေငတ်သလိုလို၊ အိမ်သာတက်ချင်သလိုလို၊ ပျို့အန်ချင်သလိုလို၊ သွေးပျက်သလိုလို၊ ကယောင်ခြောက်ခြား။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now