12

216 24 6
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|12|


ခေါင်းထဲကနေ ထိုးကိုက်နေသည်။

ဒါ..
အသက်ရှင်နေသေးသည့် အဓိပ္ပါယ်များလား။

Gyuvin သည် မျက်လုံးကို စုံဖွင့်လိုက်သည်။ အမိုးနိမ့်နိမ့် အုတ်ချပ်အဆောက်အဦပျက်လေးသည် မြင်ကွင်းထဲမှာ ဝေ့လည်လည်။ သေချာပေါက် နတ်ပြည်လည်းမဆန်သလို ငရဲပြည်လည်းမပီသ,နေ။ Gyuvin သည် ပင်လယ်ရေထဲမှာ စုံးစုံးမြုပ်ပြီး အသက်ဆုံးရတော့မည့် ဘဝကို ဘယ်သူကများ ကယ်တင်ခဲ့သနည်း ဘေးဘီဝဲယာကို မျက်လုံးလှည့်ကြည့်သည်။ တံခါးရွက်မရှိသော နေရာမှာ ပလတ်စတစ်အချပ်ကို လိုက်ကာလို တပ်ဆင်ထားသည့် အရံအတားကို မြင်ရသည်။ တဖက်ကနေ လေတိုးနေပြီး ဒါကို ဆားငန်လေဖြစ်ကြောင်း ခံစားသိရသည့်အခါ Gyuvin သည် မိမိက ဘယ်သောင်ကမ်းစပ်မှာ ရေမျောကမ်းတင်ဖြစ်ခဲ့သနည်း ထွက်ကြည့်ဖို့ အားယူထ,လိုက်သည်။

“လှဲနေဦး ! လှဲနေဦး ! ဆရာသမားရေ ~ မင်းက ချော်လဲထားတဲ့လူ မဟုတ်ဘူးနော် ၊ ပျားအုံလို ဖြစ်ပြီး ရေနစ်နေခဲ့တာ”

အငွေ့တထောင်းထောင်းထနေသည့် ဒယ်အိုးကို မ,ပြီး ဝင်လာသည့် လူ။ အရှေ့တိုင်းသားရုပ်ရည်ရှိပြီး အသက်အားဖြင့် ၄၀ ဝန်းကျင်ခန့်လို့ ယူဆရသည့် ဒီလူသည် အရာအားလုံးထက် အသံနှင့် လေယူလေသိမ်းအရ Gyuvin ကို သတိထားမိစေသည်။

“ခင်ဗျား.. ဘုရားကျောင်းက သတင်းရောင်းတဲ့သူမလား”

“မင်း ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်သေးတဲ့ပုံပဲ ၊ ဒါဆို ဘာတွေဖြစ်ခဲ့လဲ မှတ်မိတယ်မလား ၊ ထဖို့ မစဥ်းစားနဲ့တော့ ၊ မင်း နည်းနည်းတော့ အေးဆေးဖို့ အချိန်ယူရမယ်”

ဒီလူသည် Gyuvin ကို ကုတင်လို့ ပြောလို့မရသည့် အိပ်ရာပေါ် ပြန်လှဲခိုင်းသည်။ ပခုံးကို လာတွန်းပြီး အတော်အသင့် နွေးထွေးသော အိပ်ရာမှာ ပြန်လှဲခိုင်းသည့် ဒီလူသည် Gyuvin ရဲ့ ကိုယ်ကို သေချာငုံ့ကြည့်သည်။ Gyuvin လည်း ငုံ့ကြည့်မိသည်။ --- ဟာခနဲ ဖြစ်သွားရသည့် အခိုက်အတန့်။

ဗိုက်မှာ ပတ်တီးထူထူ စည်းထားသော်လည်း လက်မောင်းနှင့် လက်ဖျံ၊ နံရိုးနှင့် ရင်ဘတ်မှာမူ သေနတ်ထိခဲ့သည့် ဒဏ်ရာပရပွသည် အမာရွတ်သေးသေးလေးများသာ ကျန်နေပြီး ကျိုးသွားခဲ့သည့် ခြေလက်တို့သည်လည်း ပကတိ အကောင်းအတိုင်း။ ဒီလူက နတ်ဆေးဆရာဖြစ်လို့တော့ မဟုတ်နိုင်။ Gyuvin က မည်မျှပင် zombie ဆန်သည်ဆိုဆို ဒီလိုပြန်ကောင်းနိုင်စွမ်းကို မျက်မြင်ကြုံတွေ့ရတာကတော့ မဟုတ်သေး။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now