18

191 19 11
                                    

🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|18|


"Zhukovsky တွေရဲ့ သခင် မှာ ခံစားတတ်တဲ့ နှလုံးသားဆိုတာ မရှိဘူး လို့ ကောလဟာလတွေက ဆိုတယ် ၊ အကျိုးအမြတ်အတွက်ပဲ ကြည့်တဲ့သူတွေကတော့ ကျိန်းသေ.. သူ့ကို လူသားတစ်ယောက်လို သဘောမထားနိုင်ကြဘူးပေါ့ ၊ Kevin Zhukovsky ကိုယ်၌ကိုက ကမ္ဘာဖျက်လက်နက် ပဲလေ"

Gyuvin သည် နှင်းပျောက်စပြုနေပြီ ဖြစ်သော နွေဦးလေပြေက စိမ့်နေသည့်ကြားမှာ အငွေ့လေးတွေ ဟပ်သွားအောင် သက်ပြင်းရှိုက်သည်။ Gyuvin က အဖေ လို့ အမည်တပ်ခေါ်ဖို့ ဝန်လေးနေသေးသော Mr. Zhukovsky ကို မဖြစ်မနေ သွားတွေ့ဖို့ ခေါင်းမာနေတာကို တားမရသည့် အဆုံးမှာ ဦးလေးဖြစ်သူသည် ဆိပ်ကမ်းသို့ အရောက် ပြန်ပို့ပေးခဲ့ခြင်း။

ညလူခြေတိတ်ချိန် ဆိုသော်လည်း ကုန်တင်ကုန်ချ လူသံစက်သံတွေနှင့် ဆိပ်ကမ်းသည် စည်ကားသည်။ ဦးလေးဖြစ်သူကို အခုနေအတိုင်း Kevin လက်ထဲ မမိသွားရအောင် သေချာပုန်းနေဖို့ မှာခဲ့ပြီး Gyuvin သည် လူတွေကြားမှာ ကိုယ်ယောင်ဖျောက်ဖို့ ပြင်ဆင်လိုက်သည်။ --- အခု Gyuvin ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အနေအထားအရ Zombie ဆိုတာထက် ပိုသော တစ်စုံတစ်ရာ ဖြစ်နေသည်မလား။ ဒီတော့ မေမေ့ရဲ့ မောင် ဒီ ဦးလေးသည် ရုပ်ပိုင်းဆိုင်ရာအရတော့ Gyuvin ကို စိတ်မပူတာ သေချာပါသည်။ သေနတ်ပစ်လို့ မသေမှတော့ Gyuvin သည် အမှန်ပင် S.Korea သီးသန့်ပိုင် အထူးလက်နက် ပီသခဲ့ပြီ ဆိုရမည် ထင်သည်။

မဟုတ်မှလွဲလို့ Shim Jongil သည် Gyuvin ရဲ့ မွေးဖွားမှု လျှို့ဝှက်ချက်ကိုများ သိနေခဲ့သလား။ ဇနီးဖြစ်သူက သူ့ကို Kim အမျိုးသမီးနှင့် Zhukovsky အမျိုးသားတို့၏ မဟာလူသား စမ်းသပ်မှု အမွေအနှစ် ရလဒ် ၂ခုအကြောင်း မပြောစရာ မရှိ။ ဒါကြောင့်လည်း သူသည် Gyuvin ကို NIS ထဲသို့ ခေါ်သွင်းခဲ့သည် လို့ Gyuvin သံသယရှိသည်။ ဒယ်ဟမ်းမင်းဂူး ကို ကျောထောက်နောက်ခံယူထားသည့်အခါ Gyuvin ရဲ့ ပုံမှန်မဟုတ်သော ကြံခိုင်သန်စွမ်းမှုကို မျက်စိကျသည် ဆိုရင်တောင် တော်ရုံအဖွဲ့အစည်းက မထိနိုင်။ Shim Ricky က သျှောင်နောက် သျှောင်ပါလာသည့် အဖြစ်ကတော့ သူတို့အတွက် ကြိုမတွေးထားမိသည့် အငိုက်မိမှုတစ်ခု ဖြစ်မည်။ --- NIS ကို အတူဝင်ခဲ့သည့် Shim Ricky ၏ အကြောင်းအရင်းကို မိမိနှင့်အတူ ရှိနေချင်သည့် သံယောဇဥ်ကြောင့် လို့ Gyuvin ရဲ့ မသိစိတ်က တဖက်သတ်ဂုဏ်ဆာနေခဲ့သော်လည်း အခု တွေးကြည့်သည့်အခါ အမှန်တရားကို Gyuvin နားမလည်တော့ပါပြီ။

𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completedWhere stories live. Discover now