🅸🅽🅺 AND 🄰 🅂 🄷 🄴 🅂
|08|မနက်ခင်းလေပြေညှင်းလေးကို အားပါးတရ ခံယူပြီး Gyuvin သည် ပြတိုက်မုဂ်ဦးကို ဖြတ်ခဲ့သည်။ လက်ထဲမှာ ပွေ့ထားသည့် ဂျုံကြမ်းပေါင်မုန့်ညိုထည့်သော စက္ကူအိတ်သည် လေးပင်မှုကြောင့် အောက်ခြေ ပွင့်လုနီးပါး။
"ပြတိုက် မဖွင့်သေးပါဘူးခင်ဗျ"
လုံခြုံရေးသည် ဆိုင်းဘုတ်ကို ထောက်ပြပြီး ဖွင့်ချိန် ပိတ်ချိန်ကို မြင်သာစေသည်။ တဆက်တည်းမှာ Gyuvin ရဲ့ လက်ထဲက ပစ္စည်းကို နှာခေါင်းရှုံ့သည်။
"ပြတိုက်ထဲကို အစားအသောက် သယ်ဆောင်သွားခွင့်လည်း မရှိပါဘူးခင်ဗျ"
Gyuvin သည် ခေါင်းတညိမ့်ညိမ့်နှင့် ဝင်းပစွာ ပြုံးလိုက်ပါ၏။ တဖက်က မည်သို့ပင် ဆက်ဆံနေပါစေ ဒီနေ့အဖို့တော့ Gyuvin သည် စိတ်ရွှင်နေသည်။ ညက ကောင်းကောင်းအိပ်ပျော်ခဲ့ရသလို ခံစားရသည်လေ။ သေချာ မမှတ်မိသော်လည်း လန်းဆန်းစွာ နိုးထခဲ့ရသည့် မနက်ခင်းသည် မင်္ဂလာရှိလှ၏။ ဒါကြောင့်ပင် စိတ်ရှည်သည်းခံမိပြီး လုံခြုံရေးကို ဂျုံကြမ်းပေါင်မုန့်ညိုတစ်ပိုင်း ဖဲ့ပေးလိုက်သည်။
"ကျွန်တော်က ဒု-ပြတိုက်မှူးကို မနက်စာ ပို့ပေးမလို့ဗျ ၊ ပြတိုက်ထဲ အစားအသောက် မယူရမှန်း နားလည်ပါတယ်ဗျာ"
"ဒါဆို ဖုန်းဆက်အကြောင်းကြားပေးမယ် ၊ ခဏနေဦး"
လုံခြုံရေးသည် မနက် ၆ နာရီကို သိပ်မစွန်းသေးသည့် အချိန်ကြီး ရောက်လာသည့် ဒီအရှေ့တိုင်းသားကို ငြိုငြင်စွာ ဖုန်းဆက်သည်။ တဖက်ကို ဖုန်းခေါ်ပြီး တဖက်က ဘာပြောသည် မသိ.. ချက်ချင်း အချိုးပြောင်းကာ ရယ်ရယ်မောမောပင်။
ခဏကြာသည့်အခါ Gyuvin ကို ဝင်နိုင်ပြီ ဖြစ်ကြောင်း ပြောသည်။ သေချာပေါက် ဒီလူသည် ဒီစက္ကူအိတ်က ဒု-ပြတိုက်မှူးအတွက် မနက်စာ မဟုတ်မှန်း သိနိုင်လိမ့်မည် မဟုတ်။ ဒီအထဲမှာ NIS သို့ ပို့ရမည့် အစီရင်ခံစာနှင့် စုံစမ်းရရှိသည့် အထောက်အထားများ ပါဝင်ပြီး ဒု-ပြတိုက်မှူး (သို့မဟုတ်) ကျေးဇူးရှင် ညွှန်ကြားရေးမှူးရဲ့ သစ္စာခံ သတင်းပေးပုဂ္ဂိုလ်သည် ရုံးချုပ်သို့ လုံခြုံစိတ်ချစွာ ပို့ပေးလိမ့်မည်။ မေးလ်တစ်စောင် ကို hack ခံရပြီး လျှို့ဝှက်ချက် ပေါက်ကြားသွားမှာထက် ရှေးဟောင်းလမ်းစဥ်ကသာ အန္တရာယ် အနည်းဆုံးဖြစ်သည် လို့ လွန်ခဲ့သည့် ၁၀နှစ် cyber attack နောက်ပိုင်းမှာ ယူဆခဲ့ခြင်းပင်။ ညွှန်ကြားရေးမှူးကိုယ်တိုင်က Gyuvin ကို ပြောဖူးသည်။ ဇီးကွက်နှင့် ခိုများကို ယဥ်ပါးအောင် သင်ကြားပေးပြီး စာပို့ခိုင်းချင်ကြောင်း။ Shim Jongil ရဲ့ Hogwarts ဆန်နေသော အတွေးအခေါ်ကို ရပ်တန့်ဖို့ Gyuvin မှာ ဇီးကွက်နှင့် ခိုများ၏ သဘာဝချို့ယွင်းချက်များ.. ခေါင်းစဥ်ဖြင့် စာတမ်းပြုစုပြီး တင်ပြလိုက်ရသည့်အဖြစ်။

YOU ARE READING
𝙄𝙣𝙠 𝙖𝙣𝙙 𝘼𝙨𝙝𝙚𝙨 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 "Dear xx, I'd let the world burn for you." "My xx, I will save you because you are my world." This story is a present for the one that got away. @TSOD Gyuvin birthday project. Warning ⚠️ NSFW explicit sexual cont...